play

ရန်ကုန်မြို့မှာ ကျင်းပမယ့် One Championship (MMA) ပြိုင်ပွဲမှာ မြန်မာရိုးရာလက်ဝှေ့သမားလေးဦး ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

  မြန်မာရိုးရာလက်ဝှေ့သမားတွေဖြစ်တဲ့ စောရန်ပိုင်နဲ့ ရဲရင့်အောင်၊ ဖိုးသော်နဲ့ ကပ္ပလီတို့ဟာ  MMA စည်းမျဉ်းအတိုင်း  အကြိုဗိုလ်လုပွဲအဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိသူနှစ်ဦးဟာ ဗိုလ်လုပွဲ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အဆိုပါပြိုင်ပွဲကို   ရန်ကုန်မြို့အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ  အောက်တိုဘာ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းမှာ  ကချင်တိုင်းရင်းသား အောင်လအန်ဆန်နဲ့ ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီ ယံလုပွဲအဖြစ် ဂျပန်နိုင်ငံသား ယိုရှိတာကာနဲ့ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ပါစီယိုတို့လည်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 Source: 7Day Daily
Photos : Photos : Aung La Nsang(Burmese Python) Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video