Local Sports: ၂၀၁၇ အတွင်း မြန်မာနိုင်ငံမှာ MMA ပြိုင်ပွဲ နှစ်ကြိမ်ကျင်းပမယ်

ဇူလိုင်လ ၁၄ ရက်နဲ့ နိုဝင်ဘာလ ၃ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

play

 

လာမယ့် ၂၁၀၇ ခုနှစ်အတွင်း စင်ကာပူအခြေစိုက် One Championship ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဘက်စုံကိုယ်ခံပညာသုံး တိုက်ခိုက်ရေး(MMA) ပြိုင်ပွဲ နှစ်ကြိမ်ကျင်းပသွားမယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

One Championship ကုမ္ပဏီအနေနဲ့  ၂၀၁၇ ခုနှစ်ထဲမှာ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ စတဲ့ နိုင်ငံတွေမှာ ပြိုင်ပွဲပေါင်း ၁၈ ပွဲ ပတ်ဝန်းကျင် ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ နှစ်ကြိမ်ကျင်းပမယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“One Championship အနေနဲ့၂၀၁၆ ခုနှစ်မှာလည်း ပြိုင်ပွဲပေါင်း များစွာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို လာမယ့်၂၀၁၇ ခုနှစ်မှာလည်း အဲဒီထက်ပိုမိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲတွေကိုကျင်းပပေးနိုင်မယ်လို့ ကတိပေးပါတယ်”လို့ One Championship CEO ဗစ်တာချူးက ပြောပါတယ်။

play

 

One Championship ကုမ္ပဏီက MMA ပြိုင်ပွဲတွေကို ၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ အရင်ဆုံး ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဇူလိုင်လ ၁၄ ရက်နဲ့ နိုဝင်ဘာလ ၃ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားကာ ပြိုင်ပွဲရက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း MMA ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် ဇူလိုင်လက ပထမဦးဆုံးကျင်းပခဲ့ပြီး ၂၀၁၆ မတ်လနဲ့ အောက်တိုဘာလတွေမှာ ကချင်တိုင်းရင်းသားနာမည်ကြီး MMA ကစားသမား အောင်လအန်ဆိုင်း လာရောက်ထိုးသတ်ခဲ့လို့ ပရိသတ်စိတ်ဝင်စားမှု များပြားခဲ့တယ်လို့ သိရပါတယ်။

Source : The Vioce

Photos : One Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ