မြန်မာနေရှင်နယ်လိဂ်ကို ၃ နှစ်စာချုပ်ဖြင့် Partnership Contract ချုပ်ဆိုပေးရခြင်းမှာ မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီ (MPT)အနေနဲ့ အနာဂတ် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့ တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့် ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားခဲ့ပါတယ်။

play

 

ယနေ့ ညနေ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပတဲ့ MNL နဲ့ MPT Partnership Contract Ceremony အခမ်းအနားနဲ့ MNL Award Night Ceremony မှာ ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

 

ဦးခင်မောင်ထွန်းက ပြောကြားရာမှာတော့-“ အခုလို Partnership အဖြစ် MNLနဲ့ လက်တွဲရတာ ဂုဏ်ယူပါတယ်။အခု လို လက်တွဲခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ လူငယ်မျိုးဆက်သစ်ပြိုင်ပွဲတွေ တက္ကသိုလ်ပြိုင်ပွဲတွေကို ပိုမိုကျင်းပ ပြုလုပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေ အားကစားလှုပ်ရှားမှုမှာ ယခုထက်ပိုမို ပါဝင်လာဖို့ပါ။နောက်ပြီး မြန်မာ့ဘောလုံး အားကစားဖွံ့ဖြိုးတိုး တက်ဖို့ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့်လည်း အခုလို လက်တွဲခဲ့တာ ဖြစ်ပါတယ်။” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီ(MPT) အနေနဲ့ မြန်မာနေရှင်နယ်လိဂ်ကို ၃ နှစ် လက်တွဲသွားမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဖြစ်ပါတယ်။

ပထမဆုံး ပေးအပ်မယ့် ၂၀၁၈ ဘောလုံးရာသီမှာ လူငယ် မျိုးဆက်သစ် Grassroots level အသက် ၆ နှစ်မှ ၁၂ နှစ်အထိ ပြိုင်ပွဲတွေအပါအ၀င် လူငယ် အသက် ၁၄ နှစ် ပြိုင်ပွဲတွေနဲ့ တက္ကသိုလ်တွင်း ပြိုင်ပွဲတွေကိုပါ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် မြန်မာနေရှင်နယ်လိဂ်ကို ပထမတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၅ သန်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ကျန် နှစ်နှစ်အတွက်ကိုမူ ပထမနှစ်မှာ ရရှိလာတဲ့ အကျိုးရလဒ်အပေါ် မူတည်ပြီး ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video