AD
AD
AD

ယနေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် MPT Myanmar National League ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ် မှာတော့ အိမ်ရှင် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ဧည့်သည် ရခိုင်ယူနိုက်တက်အသင်းတို့မှာ ဂိုးမရှိ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

play

 

ယခုပွဲစဉ်မှာ ပထမဆုံးပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး စိတ်သစ်လူသစ်နဲ့ ကစားအားအသစ်တွေနဲ့ ကစားခဲ့တာကြောင့်ပွဲမှာ အပြန်အလှန်နဲ့ ကြည့်ကောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းယူနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ယခုပွဲစဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရဲ့ ကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းပထမဆုံး အဖွင့်ပွဲဖြစ်တာကြောင့် ပွဲမကစားမီမှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ တာဝန်ရှိသူများ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ယခုနှစ်မြန်မာနေရှင်နယ်လိဂ်မှာ မနှစ်က အသင်းဖျက်သိမ်းသွားတဲ့ နေပြည်တော်၊ချင်းယူနိုက်တက်အသင်းတို့နေရာမှာ စစ်ကိုင်းယူနိုက်တက်၊မြ ၀တီ အက်ဖ်စီတို့ ပြန်လည်အားဖြည့်ပါဝင်လာတာကြောင့် အသင်းအရေအတွက် ၁၂ သင်းနဲ့သာ ဆက်လက်ကစားနေတာ ဖြစ်ပြီး MPT ဆက် သွယ်ရေး ကုမ္ပဏီက စပွန်ဆာ ပေးထားတာလည်း ဖြစ်ပါတယ်။

ယခုပွဲဂိုးမရှိသရေရလဒ်ကြောင့် ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ အဖွင့်ဂိုးရှင် ပေါ်ထွက်လာခြင်းမရှိသေးပဲ ပထမဆုံး အ၀ါကဒ်ကို တော့စစ်ကိုင်းယူနိုက်တက်အသင်းမှ ကျောနံပါတ် ၈ သက်နောင်ထွေးက ပြသခြင်း ခံခဲ့ရပါတယ်။

Photo- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD