၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို Telecommunication Company တစ်ခုဖြစ်တဲ့ MPT ဆက်သွယ်ရေး ကုမ္ပဏီမှ Partnership Sponsor အဖြစ် (၃)နှစ်ပေးအပ်သွားမယ်လို့ သိရပါတယ်။

play

 

မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီ MPT အနေနဲ့ ယင်းကဲ့သို့ Sponsor ပေးအပ်ပွဲအခမ်းအနားကို လာမယ့်နိုဝင်ဘာလ ၂၅ ရက်နေ့မှာရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

play

 

"အခုပေးအပ်တဲ့ စပွန်ဆာက Title Sponsor ထက်မြင့်တဲ့ Partnership Sponsorဖြစ်ပါတယ်။ဒါ့အပြင်  (၃)နှစ်စာ ပေးအပ်တာဖြစ်တဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့အတွက်အင်မတန်ကို အားရစရာဖြစ်ခဲ့ပါတယ်။တစ်နှစ်ကို စပွန်ဆာဘယ်လောက်ပေးအပ်မယ်ဆိုတာကိုတော့ လက်မှတ်ရေးထိုးတဲ့နေ့မှသာ ထုတ်ဖော်ပြောနိုင်ပါမယ်။ကျွန်တော်တို့ဖက်က ပြန်လည်လုပ်ဆောင်ပေးရမယ့် အပိုင်းတွေလည်း အများကြီးရှိတာကြောင့် အသေးစိတ်တွေကိုတော့ ထပ်မံပြီး ထုတ်ပြန်ပေးသွားမှာပါ။" လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ထုတ်ဖော်ပြောခဲ့ပါတယ်။

 

မြန်မာနေရှင်နယ်လိဂ်အနေနဲ့ ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရာသီဝက်ရောက်သည်အထိ စပွန်ဆာ ရရှိခဲ့ခြင်းမရှိတာကြောင့် ကလပ်အသင်းတွေကို ထောက်ပံ့ပေးရမယ့် ပမာဏကိုလည်း သတ်မှတ်ထားတာထက် နည်းပါစွာသာ ပံ့ပိုးပေးနိုင်ခဲ့ပေမယ့် လာမယ့်နှစ်မှာတော့ စပွန်ဆာ ရရှိထားပြီဖြစ်တာကြောင့် ကလပ်အသင်းတွေကို ထောက်ပံ့ရမယ့် ပမာဏကို ယခင်နှစ်ထက် ပိုမို ထောက်ပံ့ပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း ဆက်လက်သိရပါတယ်။

ယခုလို စပွန်ဆာ ရရှိခဲ့ပေမယ့် ပြိုင်ပွဲဆုကြေးကိုတော့ တိုးမြင့်ပေးသွားဖို့ မရှိပဲ ထောက်ပံ့ကြေးကိုသာ တိုးပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးစိုးမိုးကျော်က ထုတ်ဖော်ပြောခဲ့ပါတယ်။

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ဒုတိယအပတ်လောက်မှာ ပြန်လည်စတင်ဖို့ ဆောင်ရွက်ထားတယ် လို့လည်း သိရပါတယ်။

Postby

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video