ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီရတ်အသင်းနဲ့ အာရှဖူဆယ်ချန်ပီယံရှစ် အုပ်စုဒုတိယပွဲစဉ်မှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် မြန်မာဖူ ဆယ်အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ မသေချာတော့ပဲ ကွာတားဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်ဟာ ပျက်ပြယ်ခဲ့ပြီလို့ ဆိုရမှာ ဖြစ် ပါတယ်။

play

 

မြန်မာဖူဆယ်အသင်းဟာ ယခုယှဉ်ပြိုင်နေတဲ့ အာရှဖူဆယ်ပြိုင်ပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ၀င်ခွင့်ရခဲ့တာ ဖြစ်ပြီး အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် ကမ္ဘာ့အဆင့် အီရန်အသင်းအပါအ၀င် အီရတ်၊တရုတ်အသင်းများနဲ့ အတူ ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

အုပ်စုအဖွင့်ပွဲမှာ အီရန်အသင်းကို ၁၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ယနေ့ ယှဉ်ပြိုင်ကစားတဲ့ အီရတ်အသင်းနဲ့ ပွဲမှာတော့ သူတင်ကိုယ်တင် ကစားခဲ့ကာ ပြိုင်ပွဲအတွေ့အကြုံနည်းပါးမှုကြောင့်သာ အခုလို အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြချုပ် ဦးဌေးမြင့်အနေနဲ့လည်း အုပ်စုမှ နောက်တစ်ဆင့်တက်ရောက်ချင်ပါက အီရတ်ကို အနိုင်ကစားကာ တရုတ်အသင်းကို သရေကစားနိုင်ဖို့ လိုတယ်လို့ ထုတ်ဖော်ပြောထားတာပေမယ့်လည်း ယခုလို ရှုံးနိမ့်ခဲ့ရတာကြောင့် နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် မှေးမှိန်ခဲ့ရပြီးလည်းဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ၂ ပွဲကစား ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမယ့် တရုတ်အသင်းနဲ့ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် တောင် နောက်တစ်ဆင့်တက်ဖို့ မသေချာတော့တဲ့ အနေအထားမှာ ကြုံနေခဲ့ရတာလည်း ဖြစ်ပါတယ်။

တရုတ်အသင်းနဲ့ ပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဆက်လက်ကစားသွားဖို့ ရှိပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video