AD
AD
AD

လုံခြုံရေး ခြိမ်းခြောက်ခံရမှုကြောင့် ပျက်ပြယ်ခဲ့ရတဲ့ ကာဂျစ်- မြန်မာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်ကို ကြားကွင်းမှာ ပြန်လည် ကစားဖို့ အာရှ ဘောလုံးအဖွဲ့ချုပ်က အတည်ပြု ဆုံးဖြတ်ပေးခဲ့ပါတယ်။

play
မြန်မာ ၂-၂ ကာဂျစ် (ပထမအကျော့)

 

ယင်းကဲ့သို့ အတည်ပြုပေးခဲ့ရာမှာတော့ ပြန်ကန်ပွဲအတွက် ကုန်ကျစရိတ်အားလုံးကို ကာဂျစ် ဘောလုံးအဖွဲ့ချုပ်က ကျခံပေးရမှာ ဖြစ်သလို ကြား နိုင်ငံကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ခွင့်ရှိတယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ပေးခဲ့တယ်လို့ သိထားရပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်း(သို့)စင်ကာပူနိုင်ငံတို့မှာပြန်ကန်ဖို့ အာရှဘောလုံးအဖွဲ့ချုပ်ကို တင်ပြခဲ့ရာ မှာတော့ ကာဂျစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်းအခြားသော ကြားနိုင်ငံတစ်နိုင်ငံမှာ ကန်ပေးဖို့ ပြန်လည်တင်ပြလာတာကြောင့် ကြားနိုင်ငံကို အာရှဘောလုံးအဖွဲ့ချုပ်က ကိုယ်စားရွေးချယ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ကြားကွင်းကို ရှာဖွေရာမှာ နှစ်နိုင်ငံစလုံးအတွက် အဆင်ပြေဆုံးဖြစ်စေမယ့် နိုင်ငံတစ်နိုင်ငံကို ရှာဖွေပေးလျက်ရှိပေမယ့် လက်ရှိအချိန်ထိတော့ ဘယ်နိုင်ငံလဲဆိုတာ အတည်မပြုပေးနိုင်သေးဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

"မူလက ကျွန်တော်တို့ကို ကြားနိုင်ငံရွေးချယ်ခွင့်ပြုထားပေမယ့် ကာဂျစ်ဖက်က လာဖို့ အရမ်းဝေးလွန်နေတာကြောင့် နှစ်နိုင်ငံစလုံးအဆင်ပြမယ့် နိုင်ငံတစ်ခုကို AFC ကကြားဝင်ရွေးချယ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ဖက်ကတော့ အာဆီယံဒေသတွင်းမှာ ကစားခွင့်ရဖို့ တောင်းဆို ထားပါတယ်။ဘယ်လိုဆုံးဖြတ်ပေးမလဲဆိုတာတော့ အခုထိ အတည်မပြုပေးသေးပါဘူး။" လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ်အသင်းတို့ရဲ့ ပြန်ကန်ပွဲမှာ အာရှဖလား ခြေစစ်ပွဲအောင်ဖို့ အရေးကြီးတဲ့ အဆုံးအဖြတ်ပွဲစဉ်ဖြစ်နေတာ ကြောင့်လည်း အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်ဖက်စလုံးအတွက် တရားမျှတမယ့် ကွင်းတစ်ကွင်းကို ရှာဖွေရာမှာ ခက်ခဲမှုများ ဖြစ်ပေါ်နေရ တာဖြစ်တယ်လို့လည်း ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

ပြန်ကန်ပွဲစဉ်ကိုတော့လာမယ့် မတ်လ ၂၇ ရက်နေ့ သတ်မှတ်ထားပြီး မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ AFC Cup ကစားမယ့် မြန်မာနေရှင် နယ်လိဂ် ကလပ် အသင်းများရဲ့ ပွဲစဉ်များပြီးမယ့် ဖေဖော်ဝါရီလ ဒုတိယအပတ်အကုန်လောက်မှသာ အသင်းကိုစုစည်းလေ့ကျင့်ဖို့ ပြုလုပ်သွား နိုင်မယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD