Local Sports: ထိုင်း One Championship ပြိုင်ပွဲကို မြန်မာလက်ဝှေ့ သမားတွေဝင်ပြိုင်မယ်

မြန်မာလက်ဝှေ့သမားတွေ ပြည်ပကို သွားရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံးပွဲ ဖြစ်ပါတယ်။

play
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် ကြယ်လင်းအောင်နှင့် သွေးသစ်အောင် ယှဉ်ပြိုင်နေစဉ်။

 

လာမယ့် မေလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပမယ့် One Championship (MMA) ပြိုင်ပွဲကို မြန်မာလက်ဝှေ့သမားနှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

MMA ပြိုင်ပွဲ အတွေ့အကြူံရှိတဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမား ကြယ်လင်းအောင်က လိုက်ဝိတ်တန်းမှာ ထိုင်းမွေလက်ဝှေ့သမား ၀ီရတ်ချိုင်းနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး စထရောဝိတ်တန်းမှာ ရဲသွေးနီက ထိုင်း မွေသမား မစ်စတီနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ ဆိုပါတယ်။

‘‘ထိုင်းမှာလုပ်မယ့်ပွဲကို သူ တို့ဘက်က ၀င်ပြိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တယ်။ ဒါကြောင့် MMA ပြိုင်ပွဲနဲ့ ရင်းနှီးတဲ့ ကြယ် လင်းအောင်နဲ့ ရဲသွေးနီတို့ကို ရွေးပြီး သွားရောက်ယှဉ်ပြိုင်မှာပါ’’ လို့ ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးဇေသီဟက ပြောပါတယ်။

play

 

ကိုယ်ခံပညာပေါင်းစုံသုံး Mixed Martial Arts-MMA ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံမှာ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ဒီနှစ်ပြိုင်ပွဲကတော့ မြန်မာလက်ဝှေ့သမားတွေ MMA စည်းမျဉ်းနဲ့ ပြည်ပကို သွားရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံးပွဲလို့ သိရပါတယ်။

မြန်မာလက်ဝှေ့သမား ကြယ်လင်းအောင်နဲ့ ယှဉ်ပြိုင်မယ့် ၀ီရတ်ချိုင်းက MMA ပြိုင်ပွဲတွေမှာ ငါးပွဲယှဉ် ပြိုင်ဖူးပြီး လေးပွဲနိုင်၊ တစ်ပွဲရှုံးထားတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ