AD
AD
AD

ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ထိုင်းလိဂ် ကို မြန်မာပရိသတ်တွေ ပိုမိုစိတ်ဝင်စားလာမယ်လို့ ယုံကြည်ထားတယ်လို့ Police Tero FC အသင်း က ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။

play

 

Police Tero FC အသင်းအနေနဲ့ အောင်သူကို ခေါ်ယူနိုင်ရေး အသေးစိတ်ဆွေးနွေးနိုင်ဖို့အတွက် မနေ့က ညနေပိုင်းက ရတနာပုံအသင်းပိုင်ရှင်နဲ့တွေ့ဆုံခဲ့ပြီးနောက် ယခုလို အသင်းပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

“လာမယ့်ရာသီမှာ အကောင်းဆုံး ရလဒ်တွေပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ဒါ့အပြင် ကျွန်တော်တို့ လက်ရွေးစင် ကစားသမား ချနသစ် ဂျေလိဂ်ကို သွားရောက်ကစားချိန်မှာ ဂျေလိဂ်ကို ထိုင်းမှာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သလိုပဲ အခု ထိုင်းလိဂ်မှာ မြန်မာ့လက်ရွေးစင်ကစားသမား လာရောက်ကစားမှုနဲ့အတူ ထိုင်းလိဂ်ကို မြန်မာပရိသတ်တွေကို ယခု ထက်ပို စိတ်ဝင်စားမှု မြင့်တက်လာမယ်လို့ ယုံကြည်ထားပါတယ်။” လို့ Police Tero FC အသင်း အထွေထွေမန်နေဂျာ က ထိုင်းသတင်းဌာန တစ်ခုဖြစ်တဲ့ THSPORT သတင်းဌာနကို ဖြေကြားထားပါတယ်။

 

လက်ရှိမှာ အောင်သူကို ခေါ်ယူစာချုပ်မယ့် အသေးစိတ်အချက်အလက်များကို ရတနာပုံအသင်းက ထုတ်ပြန်ပေးနိုင်ခြင်း တော့မရှိသေးပါဘူး။

ဒါပေမယ့်လည်း လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ Police Tero FC အသင်းအနေနဲ့ အောင်သူကို ထိုင်းမီဒီယာ ကို မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်မယ်လို့ သိရပြီး အောင်သူအနေနဲ့ အသင်းမှာ ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဆင် ကစားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD