AD
AD
AD

ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို ထိုင်းလိဂ်(၁)ကလပ် Police Tero FC က ခေါ်ယူနိုင်ဖို့     ကမ်းလှမ်းခဲ့ရာမှာ ရတနာပုံအသင်းက တစ်ရာသီအငှားနဲ့ သွားရောက်ကစားဖို့ သဘောတူညီခဲ့ပြီ ဖြစ်တယ်လို့ ရတနာပုံအသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

play

 

မူလက အောင်သူကို ထိုင်းလိဂ်(၁)ကလပ်မှာ သွားကစားဖို့ အတည်ပြုခဲ့ပေမယ့်လည်း အပြောင်းအရွှေ့နဲ့ ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ယနေ့မှသာ ရတနာပုံအသင်းက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

play

 

“ရတနာပုံ အသင်းမှ မဟုတ်ပါဘူး ပြည်ပ ကလပ်အသင်းတွေက မြန်မာ ကစားသမား တွေကို ကမ်းလှမ်း
လာခဲ့မယ် ဆိုရင်ဝမ်းမြောက်ရမှာပါမြန်မာ နေရှင်နယ်လိဂ် ဒုတိယဥက္ကဌ တယောက်အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ပါပဲ မြန်မာ ကစားသမားတွေ အနေနဲ့လဲ အဲ့လိုပြည်ပတွေအထိ သွားရောက်ကစားဖို့ ကြိုးစားဖို့လိုပါတယ် ဒီနေရာမှာ ရပ်မနေပဲ  တဆင့်ပြီးတဆင့် မြင့်မားအောင် ကြိုးစားသင့်ပါတယ် ”
လို့ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောကြားခဲ့ပါတယ်။

 

အောင်သူအနေနဲ့ အဆိုပါကလပ်မှာ တစ်လလျှင် လုပ်ခလစာ ဒေါ်လာ (၇၀၀၀)ရရှိမှာ ဖြစ်ပြီး တစ်ရာသီ အငှားစာချုပ်နဲ့  သွားရောက်ကစားမှာလည်း ဖြစ်ပါတယ်။

အောင်သူကို အသင်းမိတ်ဆက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်မယ်လို့ Police Tero FC အသင်းက ထုတ်ပြန်ကြေညာထားပါတယ်။

Postby

Source- Yadanabon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD