AD
AD
AD
play

 

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူဟာ ထိုင်းလိဂ်-၁ အသင်းတစ်သင်းဖြစ်တဲ့ Police Tero အသင်းနဲ့ တရားဝင်လက်မှတ်ရေးထိုးပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ဖို့အတွက် ယမန်နေ့ညက ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

play

 

ရတနာပုံအသင်းရဲ့တိုက်စစ်မှူး အောင်သူကို Police Tero အသင်းက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တရားဝင်လက်မှတ်မရေးထိုးမီ ဆေးစစ်မှုပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အောင်သူဟာ Police Tero အသင်းမှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပြီး လာမယ့် ဒီဇင်ဘာလကနေ စတင်ပြီး အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

play

 

ထိုင်းလိဂ်-၁ ပြိုင်ပွဲတွေကို လာမယ့်ဖေဖော်ဝါရီလမှာ စတင်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပြီး မြန်မာပရိသတ်တွေကတော့ အောင်သူရဲ့ခြေစွမ်း ပိုမိုတိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်။

Source & Photos: AT9 Futsal Complex

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD