AD
AD
AD

လစ်လပ်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်နေရာအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သမျှ အစောဆုံး ပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

play
ထုတ်ပယ်လိုက်တဲ့ ဂျာမနီလူမျိုး နည်းပြ ဂတ်ဆီဇီ။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မြန်မာအသင်းအနေနဲ့ ကာဂျစ်အသင်းကို ဂိုးပြတ်ရှုံးပြီး အာရှဖလား ခြေစစ် ပွဲမအောမြင်ခဲ့တာကြောင့် နည်းပြချုပ်ဖြစ်တဲ့ဂျာမနီလူမျိုးနည်းပြ ဂတ်ဆီဇီကို ရာထူးမှ ထုတ်ပယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

play
ကာဂျစ်ကို ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်။

 

လက်ရှိမှာတော့ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းကို ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ထားပြီး ယနေ့မှာကစားမယ့် မကာအိုနဲ့ပွဲကို တာဝန် ယူကိုင်တွယ်စေမှာလည်း ဖြစ်ပါတယ်။

play

 

"ကျွန်တော်တို့ အမြန်ဆုံး ပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေပါတယ်။အခုလည်း အဖွဲ့ချုပ်ကို ဖောင်တင်ထားတဲ့ နိုင်ငံတကာက နည်းပြ တွေကို စိစစ်နေပါပြီ။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ အဖွဲက၀င်တွေနဲ့ တိုင်ပင်ပြီး အသင့်တော်ဆုံး ဖြစ်မယ့်သူကို ပြန်လည် ခန့်အပ်သွားမှာပါ။အခုသတင်းတွေထွက်ပေါ်နေတဲ့ နှစ်လယ်လောက်မှခန့်အပ်မယ်ဆိုတာတော့ မဟုတ်ပါဘူး။။ဖြစ်နိုင်ရင် ချက်ခြင်းကို ပြန်လည် ခန့်အပ်သွားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို CV ပေးပို့လျှောက်ထားတဲ့ နည်းပြများမှာ ဥရောပတိုက်မှ နည်းပြများ အများအပြားပါဝင်နေပြီး ဂျာမနီ၊အီတလီနဲ့ စပိန်တို့မှ နည်းပြများလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ယခုနှစ်အတွင်း ပြိုင်ပွဲများကစားဖို့ရှိနေပြီး လာမယ့် ဇွန်လမှာလည်း ဆူဇူကီးအကြို ပြင်ဆင်မှုအဖြစ် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကိုလည်း ကျင်းပဖို့ရှိတာကြောင့်လည်း အနိမ့်ဆုံး ဇွန်လမတိုင်မီကို ခန့်အပ်နိုင်ရေး ဆောင်ရွက်သွားမှာလို့လည်း သိရပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဒါပြီးရင် လိဂ်ပွဲတွေကလည်း ပြန်စပါပြီ။လိဂ်ပွဲတွေကိုစောင့်ကြည့်ပြီး ကစားသမားရွေးချယ်စေဖို့နဲ့ လာမယ့် ဆူဇူကီးမှာ အောင်မြင်မှု ရရှိဖို့အတွက် အစောဆုံးပြန်လည်ပြင်ဆင်သွားမှာပါ။ဒါကြောင့် အခုကတည်းက အစားထိုးခန့်အပ်နိုင်ဖို့ ပြန်လည်ပြင်ဆင်နေပါပြီ။"လို့ ၎င်းက ဆက်လက်ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD