AD
AD
AD

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ၂၀၁၉ အာရှဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ကာဂျစ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုး ပြတ်ရှုံးနိမ့်ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဆီဇီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါပြီ။

play

 

ဂတ်ဆီဇီအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၉ လ ကျန်ရှိနေသေးပေမယ့်လည်း မူလချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်ဖြစ်တဲ့ ဆီးဂိမ်းအောင်မြင်မှု မရမှုအပါအ၀င် ၂၀၁၉ အာရှဖလား ထွက်ခဲ့ရမှုတွေကြောင့်ယခုလို စာချုပ်ဖျက်သိမ်းပေးခဲ့ရတာလို့ လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

play

လက်ကျန် မကာအိုနဲ့ ကစားရမယ့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲကိုမူ AFC(A) လိုင်စင်ရ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းကို ယာယီနည်းပြချူ ပ်အဖြစ် တာဝန်ပေးသွားမယ်လို့ သိရပြီး လက်ထောက်နည်းပြလုပ်ခဲ့တဲ့ ဦးကြည်လွင်က ကြီးကြပ်လမ်းညွှန်ပေးသွားမှာလို့ လည်းသိရပါတယ်။

ဒါ့အပြင် လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကစားမယ့် မကာအိုနဲ့ ပွဲစဉ်အတွက် ကွင်းဝင်ကြေးကိုလည်း မူလ ဈေးနှုန်းသတ်မှတ်ထားရာမှ ယခု အခါ အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

ဂတ်ဆီဇီမှာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနဲ့အတူ ၂၀၁၄ ခုနှစ်က ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် မြန်မာ့လက်ရွေး စင် ယူ-၂၀ အသင်းကို ဆက်လက်တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ယူ၂၀ ကမ္ဘာ့ဖလားကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ၀င်ခွင့်ရစေခဲ့သူ လည်း ဖြစ်ပါတယ်။

အဲ့နောက် ယူ-၂၃ အသင်းကို ဆက်လက်ကိုင်တွယ်ရာမှာတော့ ဆီးဂိမ်းမှာ ကျရှုံးခဲ့ပြီး ယခု လက်ရွေးစင်အသင်းကို ကိုင်တွယ်ရာမှာလည်း ၂၀၁၉ အာရှဖလားဝင်ခွင့်ပျောက်ဆုံးခဲ့ရတာတွေကြောင့်လည်း ယခုလို ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD