AD
AD
AD

နည်းပြချုပ် ဦးကြည်လွင် တာဝန်ယူကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းကို ပဏာမ ကစားသမား (၃၀)ဦးနဲ့ စတင်ဖွဲ့စည်းလိုက် ပြီလို့ သိရပါတယ်။

play
ဗီယက်နမ် သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ တတိယဆုရ မြန်မာ ယူ-၂၁ အသင်း။

 

ယခုဖွဲ့စည်းထားတဲ့အသင်းမှာ လာမယ့် ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်မှာကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်း ထားတဲ့အသင်းဖြစ်ပြီး လာမယ့် ဧပြီလမှာ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့လည်း သိထားရပါတယ်။

play
ယူ-၂၁ နည်းပြချုပ် ဦးကြည်လွင်။

 

ဒါ့အပြင် မူလက ၂၅ ယောက်နဲ့သာ စုစည်းလေ့ကျင့်နေရာမှ အောင်ဖြိုးသာနဲ့ သန်းမြင့်ထွန်းတို့ကို မိခင်ကလပ်အသင်းတွေထံ ပြန်လည်စေလွှတ် ခဲ့ပြီး ၀င်းနိုင်ထွန်း၊ပြည့်စုံနိုင်၊လွင်မိုးအောင်၊စိုးမိုးကျော်၊အောင်ဝဏ္ဏစိုးနဲ့ အောင်ကောင်းမာန်တို့ကို ပြန်လည်ခေါ်ယူထားတယ်လို့လည်း သိရပါ တယ်။

မြန်​မာယူ - ၂၁ အသင်းအနေနဲ့ အပတ်​စဉ်​​လေ့ကျင့်​မှုများကို ဖေ​ဖေါ်ဝါရီလ (၆) ရက်​နေ့က စတင်​ပြုလုပ်နေပြီလို့ သိရပြီး အပတ်​စဉ်​ အင်္ဂါ
နှင့်​ ဗုဒ္ဓဟူး​နေ့များမှာ လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲအတွက် အနီးကပ် စခန်းဝင်လေ့ကျင့်မှုကိုတော့ လာမယ့် မတ်လ ဒုတိယအပတ်မှ စတင်သွားမယ်လို့လည်း သိရပါ တယ်။

မြန်မာ ယူ-၂၁ အသင်း နည်းပြ/အုပ်ချုပ်အဖွဲ့နဲ့ ကစားသမားများ စာရင်း

----------------------------------------------------------------------

အုပ်​ချုပ်​သူ - ဦးသန်းတိုး​အောင်​ နည်းပြချုပ်​- ဦးကြည်​လွင်
လက်​​ထောက်​နည်းပြ - ဦး​ကျော်​လွင်​ ဦးချစ်​နိုင်
ဂိုးနည်းပြ - ဦးမျိုးကျာ်​​အောင်​ ကြံ့ခိုင်​​ရေးနည်းပြ - မားကပ်​စ်

ဂိုး - ဘုန်းသစ္စာမင်း ထွန်းနန္ဒာဦး ​အောင်​မြင့်​မြတ်

နောက်​တန်း - ​အောင်​ဝဏ္ဏစိုး စိုးမိုး​ကျော်​ ​ကျော်​သူထွန်း
ရဲရင့်​​အောင်​ ဝင်းမိုး​ကျော်​ သန်းထိုက်​ဇင်​ သက်​ပိုင်​​ထွေး
ဟိန်းထက်​စည်​သူ သူရိန်​စိုး ​ကျော်​မျိုးနိုင်

အလယ်​တန်း - ​ဇေယျာနိုင်​ မြတ်​​ကောင်းခန့်​ မြတ်​ထွန်းသစ်
စိုးလွင်​လွင်​ ဇွဲသက်​ပိုင်​ ဟိန်းထက်​​အောင်​ သိုင်းဘွဲ့​အောင်
မင်းကို ​ဇော်​ဝင်း​မောင်​ ပြည့်​စုံနိုင်​ လွင်​မိုး​အောင်

ရှေ့တန်း - ​ရွှေကို ဇင်​မင်းထွန်း ချမ်းငြိမ်း ဝင်းနိုင်​ထွန်း
ရဲနိုင်​ဦး ​အောင်​​ကောင်းမာန်​ တို့ ဖြစ်ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD