၂၀၁၈ MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက် FC အသင်းရဲ့ ၂၀၁၈ ဘောလုံး ရာသီ အတွက် Sponsorship စာချုပ်ချုပ် ဆိုပွဲ အခမ်းအနားကို  ၁၂.၁.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန် ရန်ကုန်မြို့ Goal Hotel တွင် ကျင်းပ ပြုလုပ် ခဲ့ပါတယ်။

play

 

ဧရာမြန်မာအာမခံ Company မှ ဧရာဝတီယူနိုက်တက် FC အသင်းကို 2018 ဘောလုံးရာသီ အတွက် Main Sponsor အဖြစ် ငွေကျပ် သိန်း၁ထောင် တိတိကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Grand Sport အားကစား ပစ္စည်း Company မှ ဧရာဝတီ အသင်းအတွက် အားကစား ပစ္စည်း Sponsor ပေးအပ်သလို၊ 100Plus Company မှလည်း Hydration Sponsor များ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပုသိမ်မြို့ ကျောက်တိုင်ကွင်းကို အိမ်ကွင်းအဖြစ် ဆက်လက် အသုံး ပြုမှာ ဖြစ်သလို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ရှုံးထွက်ဖလား ချန်ပီယံဟောင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် AFC ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်တဲ့ ပထမဆုံး မြန်မာကလပ် အသင်းတစ်သင်းလည်း ဖြစ်ကာ သမိုင်းကြောင်းကောင်းများစွာ ပိုင်ဆိုင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေနဲ့ စပွန်ဆာ ရရှိမှုနည်းပါးတာကြောင့် အသင်းဖျက်သိမ်းမှုများ ပြန်လည်ပြုလုပ်ခဲ့ရတဲ့ အချိန်မှာ ယခုလို ဧရာဝတီယူနိုက်တက်အသင်းရဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုတဲ့သတင်းဟာ မြန်မာ့ဘောလုံးလောကအတွက် အပေါင်း လက္ခဏာဆောင်တဲ့ သတင်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

Source- Ayeyarwady United FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video