AD
AD
AD

စနေနေ့မှာ ဆွီဒင်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် ချီလီလက်ရွေးစင်အသင်းနဲ့အတူ ရွေးချယ်ခံထားရတဲ့ မန်ယူတိုက်စစ်မှူး ဆန်းချက်က ၎င်းကို နားလည်ခွင့်လွှတ်ပေးစေဖို့ တောင်းဆိုလိုက်ပါတယ်။

play

 

အသက် ၂၉ နှစ်အရွယ် ဆန်းချက်အနေနဲ့ ယခုနှစ်မှာ မန်ယူအသင်းကိုရောက်ပြီး ၁၀ ပွဲကစားထားရာမှာ ၁ ဂိုးသာ သွင်းယူထားနိုင်တာလည်း ဖြစ်ပါတယ်။

play

 

"အခုချိန်မှာကျွန်တ်ာတို့ကိုယ်ကျွန်တာ် ပြန်တိုက်ခိုက်နေရပါတယ်။အကောင်းဆုံးဖြစ်လာဖို့တော့ ကြိုးစားနေပါတယ်။မန်ယူကိုရောက်ပြီး အလျင် အမြန်အထိုင်ကျဖို့ ကြိုးစားခဲ့ပေမယ့် အရမ်းခက်ခဲနေခဲ့ရပါတယ်။" လို့ ဆန်းချက်က ထုတ်ဖော်ပြောထားခဲ့ပါတယ်။

လက်ရှိမှာတော့ ဆွီဒင်အသင်းနဲ့ကစားမယ့် ချီလီလက်ရွေးစင်အသင်းလူစာရင်းမှာလည်း မန်စီးတီးအသင်းမှ နိုင်ငံအသင်းခေါင်းဆောင် ဘရာဗိုနဲ့ စကားပြောအပြီးမှာ ပါဝင်လာခဲ့တာလို့ သိထားရပါတယ်။

ဆက်လက်ပြီး ဆန်းချက်က - " ကျွန်တော်အသင်းကိုတော့ ခွင့်တောင်းထားပြီးပါပြီ။ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ကို ထည့်သွင်းအသုံးမပြုဖို့နဲ့ လာမယ့် ဒိန်းမတ်နဲ့ပွဲစဉ်လည်း အတူတူပါပဲ။ဒါပေမယ့် ဘရာဗိုနဲ့ စကားပြောအပြီးမှာတော့ သူကကျွန်တော့်ကို စည်းလုံးနေဖို့ပဲ တိုက်တွန်းခဲ့ပါ တယ်။" လို့ ထပ်မံ ဖွင့်ဟခဲ့ပါတယ်။

ဆန်းချက်မှာ ၂၀၁၅ နဲ့ ၂၀၁၆ တွေမှာ ချီလီအသင်းကို ကိုပါအမေရိကဖလားရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုယ်တိုင် လည်း ရွှေဘောလုံးဆုနဲ့ အကောင်းဆုံးကစားကစားသမားဆုတွေကို ဆွတ်ခူးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့အပြီး ခြေစွမ်းပိုင်း သိသိသာသာပျောက်ဆုံးနေမှုကြောင့် နိုင်ငံအသင်း မှာ ကစားရမယ့် ခြေစမ်းပွဲစဉ်မှာလည်း သူ့ဆီက ဘာမှ မမျှော်လင့်ထားကြဖို့နဲ့ ဖြစ်နိုင်ရင် သူ့ကို ထည့်သွင်းအသုံးမပြုပေးဖို့ ဆန်းချက်က တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD