ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်အတွက် ဘရာဇီး လူမျိုး ဖိုက်တာ နဲ့ ရင်ဆိုင်ထိုးသတ်မယ့် မြန်မာနိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်ဟာ လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပါတယ်။

play

 

ယခုလို လေ့ကျင့်ရာမှာတော့ ၎င်းအနေနဲ့ မိသားစုနဲ့ခွဲကာ တစ်ဦးတည်းသီးသန့် နေထိုင်ပြီး ပြိုင်ပွဲအပေါ် အာရုံအပြည့်စိုက်နိုင်အောင်လည်း နေ ထိုင်လေ့ကျင့်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောထားခဲ့ပါတယ်။

play
အောင်လအန်ဆန် တွဲဖက်လေ့ကျင့်နေတဲ့UFC ဖိုက်တာ

 

လက်ရှိမှာလည်း ကမ္ဘာပေါ်က အတိုက်အခိုက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ပြိုင်ပွဲဝင်ဖိုက်တာများနဲ့ အတူ လေ့ကျင့်နေတယ်လို့ သိရပြီး လေ့ကျင့်မှု ပုံရိပ်များကိုလည်း ၎င်းရဲ့ တရားဝင် ဖေ့ဘုတ်စာမျက်နှာထက်မှာ ဖော်ပြလာခဲ့ပါတယ်။

ယင်းကဲ့သို့ ဖော်ပြလာရာမှာတော့-" Stefan Struve နဲ.တွဲဖက်လေ့ကျင့်ရတာ အလွန်အဆင်ပြေတယ်ဗျာ။ သူ.လိုလူနဲ.အတူတူလေ့ကျင့်ရတာ ဂုဏ်ယူမိသလို ၀မ်းသာမိပါတယ်ဗျာ။ ဒီပုံထဲမှာကျွန်တော်အလွန်အရပ်တဲ့ပုနေသလိုဖြစ်နေတယ်ဗျာ။ Stefan ရဲ့အရပ်က ၇ပေ ရှိတယ်ဗျ။ အရပ်အရှည်ဆုံး UFC ဖိုက်တာပေါ့ဗျာ။ ဒုတိယအချက်ကတော့ UFC Heavyweight ချန်ပီယံဖြစ်တဲ့ Stipe Miocic ကိုလောလောဆယ် အနိုင်ရထားတဲ့သူ တစ်ဦးပေါ့။ သူရဲ့ပွဲတစ်ပွဲဖြစ်တဲ့ UFC 222 မှာ Andrei Alovski နဲ.ပွဲကိုကြည့်ရင် သိနိုင်မှာပါလိမ့်မယ်ဗျာ။" လို့ သူ့ရဲ့ လေ့ကျင့် ဖော်နဲ့ ပက်သက်ပြီး ရေးသားဖော်ပြထားတာကို တွေ့မြင်ရပါတယ်။

အောင်လအန်ဆန်အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်မြို့မှာ ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံ ဖြစ်လာခဲ့သလို ယခုအခါမှာလည်း လိုက်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဆု အတွက် ဘရာဇီးနိုင်ငံသား မာချာဒိုနဲ့ ရင်ဆိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့မှာပင် ထပ်မံ ကျင်းပသွားမယ်လို့ One Championship (MMA) ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်ကြေညာထားပါတယ်။

Source- AungLa N Sang facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video