မြန်မာ့လက်ရွေးစင်ဟောင်း ကစားသမားတစ်ဦးဖြစ်တဲ့ နန္ဒလင်းကျော်ချစ်အနေနဲ့ထိုင်းလိဂ်(၁)ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပရာချပ်အသင်းကို ပြောင်းရွှေ့ရောက်ရှိသွားပြီလို့ သိရပါတယ်။

play

 

ထိုင်းပရီးမီးယားလိဂ်ကို ပထမဆုံး ရောက်ရှိခဲ့သူကတော့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူဖြစ်ပြီး ဒုတိယမြောက်ကတော့ ကျော်ကိုကို ရောက်ပြီးနောက် တတိယမြောက် ကစားသမားအဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း နန္ဒလင်းကျော်ချစ် ရောက်ရှိသွားခဲ့ ခြင်းဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း နန္ဒလင်းကျော်ချစ်ဟာ ပြီးခဲ့သည့် ဘောလုံးရာသီက စင်ကာပူကလပ် ဘလက်စတီးယားကို ပြောင်းရွှေ့ကစားခဲ့ပြီး ယခုရာသီတွင် သူ့ရဲ့ဒုတိယမြောက် ပြည်ပကလပ်အဖြစ် ထိုင်းပရီးမီယားလိဂ်ကလပ် ပရာဂျပ်ကို ပြောင်းရွှေ့သွားခဲ့ခြင်း လည်း ဖြစ်ပါတယ်။

နန္ဒလင်းကျော်ချစ် ပြောင်းရွှေ့ခဲ့တဲ့ ပရာဂျပ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အောင်သူပြောင်းရွှေ့ခဲ့တဲ့ တယ်ရိုအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

နန္ဒလင်းကျော်ချစ်နဲ့ အောင်သူတို့ဟာ ရတနာပုံအသင်း ကစားသမားဟောင်းတွေဖြစ်ပြီး အခုအချိန်မှာတော့ ထိုင်းပရီးမီးယာလိဂ်မှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

နန္ဒလင်းကျော်ချစ် ထိုင်းလိဂ်ကို ထပ်မံ ရောက်ရှိခဲ့တာကြောင့် ထိုင်းလိဂ်ကို ယခုနှစ်မှာ မြန်မာကစားသမား ၆ ဦးအထိ သွားရောက်ကစားပြီ ဖြစ် ပါတယ်။

ပရာချပ်အသင်းမှာ မနှစ်က ထိုင်းလိဂ်(၂)မှ အဆင့်၃ ရခဲ့တာကြောင့် ယခုနှစ်မှာ ထိုင်းလိဂ်(၁)ကို တန်းတက်လာခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Source- Nanda Lin Kyaw Chit Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video