AD
AD
AD

အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာဆီယံဇုန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့ညနေပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ မန်ဒရင် အိုရီယံတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်လည်း တက်ရောက်ခဲ့ပါတယ်။

play

 

င့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ယခုထက်ပို၍ ငွေကြေးဘက်ဂျက်ပိုမိုသုံးစွဲပေးသင့်ပါကြောင်း၊ ကစားသမား အပြောင်း အရွှေ့စည်း မျဉ်းဖြစ်တဲ့  (4+1) စနစ်ကို ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ အာဆီယံနိုင်ငံများမှ ကစားသမားများ အနေဖြင့် အာရှကလပ်အသင်းများတွင် ပါဝင်ကစားခွင့်ရရေးအတွက် နည်းလမ်းများဖွင့်ပေးထားသင့်ပါကြောင်း၊ လူငယ် ဖွံဖြိုးရေးစီမံကိန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်သင့် ပါကြောင်း အဆိုပြု တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

play

 

"ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း ပြည်တွင်းမှာ လူငယ်ဖွံ့ဖြိုးရေးတွေကို အဓိက ဦးစားပေး ဆောင်ရွက်နေပါတယ်။ စနစ်တကျ ငွေကြေးရင်းနှီးမြှပ်နှံပြီး အကယ်ဒမီတွေ ဘောလုံးပွဲတော်တွေ သင်တန်းတွေဖွင့်လှစ်ပေးနေသလို လူငယ်သက်တမ်းလိုက် ပြိုင်ပွဲတွေကိုလည်း တောက်လျှောက်ကျင်းပပေး နေပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း လူငယ်စီမံကိန်းတွေ အတွက် ငွေကြေးပိုမိုသုံးစွဲမယ်ဆိုရင် အာရှရဲ့ အနာဂတ်က ပိုမိုတောက်ပလာမှာပါ" ဟု အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုပြု ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်တွင် ကစားသမားခေါ်ယူတဲ့စည်းမျဉ်းကို ၃+၁ စနစ်နဲ့ ကျင်းသုံးနေပြီး ပြည်တွင်းကစားသမားများကို ပိုမို ပါဝင်ခွင့်ပေးထား ပေမယ့် အာရှအဆင့် ပြိုင်ပွဲများတွင်မူ ၄+၁ စနစ်ကို ကျင့်သုံးနေခြင်းကြောင့် ပြည်တွင်းကစားသမားများ ပိုမို ကစားခွင့်ရရှိရေးအတွက် ဦးဇော် ဇော်က အခုလို အဆိုပြု ခဲ့တာလည်း ဖြစ်ပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD