Manda Fermentation ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် တစ်ချိန်က မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်း မီခေးလ် ဆီဗက်စတာဟာ မနက်ဖြန် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမယ်လို့ သိရပါတယ်။

play

 

ဆီဗက်စတာအနေနဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီမှာ မြန်မာမီဒီယာနဲ့ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ တွေ့ဆုံဖို့ ရှိပြီး ညနေပိုင်း မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်းမှာ လူငယ်ကစားသမားများကို ဘောလုံးလေကျင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။

play

 

တစ်ချိန်တည်းမှာပင် ၎င်းရဲ့ မန်ယူ၊အာဆင်နယ် ပရိသတ်များနဲ့ တွေ့ဆုံသွားဖို့လည်းရှိပြီး  ၎င်းနဲ့အတူ နည်းပြအဖွဲ့ဝင်အချို့လည်းပါဝင်မယ်လို့ သိရပါတယ်။

"ဒါက ကျွန်တ်ာတို့ မန်းဒမြန်မာက စီစဉ်တဲ့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဆီဗက်စတာကတော့ တစ်ရက်ပဲ နေမှာပါ။တောင်ကြီးခရီးစဉ်ကို လိုက်ပါ ဖို့ မရှိပါဘူး။" လို့ မန်းဒမြန်မာမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုအစီအစဉ်မှာတော့ ရန်ကုန်နဲ့ တောင်ကြီးမြို့များမှာ ရှိတဲ့ ကလေးငယ်များကို ဘောလုံးအခြေခံနည်းစနစ်များသင်ကြားပေးသွားမယ့် အစီ အစဉ်များ ပါဝင်နေပြီး   ဖေဖော်ဝါရီ ၇၊ ၈ ရက်တွင် တောင်ကြီး မြို့သို့သွားရောက်၍ ကလေးငယ်များအား ဘောလုံးအခြေခံ ပညာရပ်များ ထပ်မံသင်ကြားပြသပေးမှာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video