AD
AD
AD

ယနေ့ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာလီယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာတော့ ရန်ကုန် ယူနိုက်တက်အသင်းက အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရန်ကုန်ယူနိုက်တက် အသင်းအနေနဲ့ ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ အဆင့် ဒုတိယနေရာမှာ လည်းကောင်း၊ ရှုံးထွက်ဖလားပြိုင်ပွဲမှာလည်း ဒုတိယနေရာမှာ လည်းကောင်း အသီးသီး ရပ်တည်နိုင်ခဲ့တာကြောင့် ယခုနှစ် ၂၀၁၈ ခုနှစ်ရဲ့ AFC Cup အုပ်စုအဆင့်ပွဲစဉ်တွေကနေ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ် ပါတယ်။

play

 

ယနေ့ ပွဲစဉ်မှာတော့ ရန်ကုန်အသင်းအနေနဲ့ အဝေးကွင်းစတင်ကစားရပေမယ့်လည်း အိမ်ရှင်အသင်းကို အသာစီးရယူနိုင်ခဲ့ပြီး ပထမပိုင်းမှာပင် ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ်။

ရန်ကုန်အသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူးများအဖြစ်ကစားခဲ့ကြတဲ့ အီမန်နူရယ်က တစ်ဂိုးနဲ့ ဆယ်လာက ၂ ဂိုး အသီးသီးသွင်းယူပေးခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ယခုပွဲအနိုင်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်ဟာ တစ်ပွဲကစား တစ်ပွဲနိုင် ရမှတ် ၃မှတ်ရရှိကာ ဂိုးကွာခြားချက်အသာဖြင့် အုပ်စုတွင်းပြိုင်ဘက် ဗီယက်နမ်ကလပ် သန့်ဟွိုင်းအသင်းကို ကျော်လွန်ကာ အဆင့် ၁နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သန့်ဟွိုင်းအသင်းကို ရန်ကုန်မြို့မှာ ဆက်လက် ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD