AD
AD
AD

မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းသည် မတ်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဟောင်ကောင်တွင် ကျင်းပမည့် Jockey Club International Youth (U15) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

play

 

 မြန်မာ ယူ-၁၅ အသင်းအနေနဲ့ မတ်လ (၂၃) ရက်နေ့တွင် ဟောင်ကောင် ယူ-၁၅ အသင်း၊ မတ်လ(၂၄) ရက်နေ့တွင် မလေးရှား ယူ-၁၅ အသင်း၊ မတ်လ (၂၅) ရက်နေ့တွင် စင်ကာပူ ယူ-၁၅ အသင်းတို့နှင့် အသီးသီး ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ထို့ကြောင့် မြန်မာ ယူ-၁၅ အသင်းအနေနဲ့ မတ်လ (၂၂) ရက်နေ့ နေ့လည် (၁၂း၅၀) တွင် ဟောင်ကောင်သို့ ထွက်ခွာမည်ဖြစ်ပြီး မတ်လ (၂၆) ရက်နေ့တွင် ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။

မြန်မာ ယူ-၁၅ အသင်းကိုတော့ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ တာကူမာ ကိုဂါက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပြီး လက်ထောက် နည်းပြအဖြစ် ဦးလင်းရောင်၊ဂိုးနည်းပြအဖြစ် ဦးကိုကို၊တို့က တာဝန်ယူသွားမှာလည်း ဖြစ်ပါတယ်။

ယခုရွေးချယ်ထားတဲ့ လူငယ်ကစားသမားများမှာ အကယ်ဒမီသင်တန်းကျောင်းများမှ ကလေးငယ်များကို အဓိက ရွေးချယ်ထားတာ ဖြစ်ပြီး ပု သိမ်နဲ့ မန္တလေးအကယ်ဒမီတွေက အများဆုံး ပါဝင်နေကာ တပ်မတော် အကယ်ဒမီမှလည်းတစ်ဦးပါဝင်လာခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်း
----------------------------------

( ဂိုး )
ဟိန်းထက်စိုး (ညောင်တုန်း) - ပုသိမ်အကယ်ဒမီ
ထက်အာကာဝင်း (မုံရွာ) - မန္တလေးအကယ်ဒမီ

( နောက်တန်း )
အောင်ပိုင်ဇော် (ရန်ကုန်) - ပုသိမ်အကယ်ဒမီ
ထွန်းထွန်းဝင်း (ပြည်ကြီးတံခွန်) - မန္တလေးအကယ်ဒမီ
မျိုးမြင့်ထွေး (ရန်ကုန်) - တပ်မတော်အကယ်ဒမီ
ကောင်းဇေဘို (ဟင်္သာတ) - ပုသိမ်အကယ်ဒမီ
ဖြိုးမင်းပိုင် (သာပေါင်း) - ပုသိမ်အကယ်ဒမီ

( အလယ်တန်း )
စခန့်အောင်ပြည့် (ဟင်္သာတ) - ပုသိမ်အကယ်ဒမီ
ဇေယျာဖြိုး (ပုသိမ်) - ပုသိမ်အကယ်ဒမီ
သူရအောင် (ပုလိပ်) - မန္တလေးအကယ်ဒမီ
စိုင်းဇေယျ (မော်ကျွန်း) - ပုသိမ်အကယ်ဒမီ
ကောင်းခန့် (သာပေါင်း) - မန္တလေးအကယ်ဒမီ
သူရသော် (မြန်အောင်) - ပုသိမ်အကယ်ဒမီ
ဝေယံလင်းသူ (မော်ကျွန်း) - ပုသိမ်အကယ်ဒမီ
ကောင်းမြတ်နိုင်ထွန်း (မော်ကျွန်း)- ပုသိမ်အကယ်ဒမီ

( ရှေ့တန်း )
ရန်နိုင်ထွန်း (မင်းဘူး) - မန္တလေးအကယ်ဒမီ
ထက်မြက်လွင် (ဒေးဒရဲ) - မန္တလေးအကယ်ဒမီ
မင်းခန့်သူ (ဖျာပုံ) - ပုသိမ်အကယ်ဒမီ
မိုးဆွေ (ပုလိပ်) - မန္တလေးတိုင်း
စိုးမြတ်မင်း (ရေကြည်) - ပုသိမ်အကယ်ဒမီ

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD