Local: ရွှေခါးပတ်ချန်ပီယံလုပွဲမှာ စိုးလင်းဦးနဲ့ ထိုင်းလက်ဝှေ့သမား ထိုးမယ်

စိုး လင်းဦးနဲ့  ထိုင်းလက်ဝှေ့သမား တာဝမ်ချောတို့ဟာ ဒုတိယနေ့မှာ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

play

 

ကျင်းပတော့မယ့် ၂၀၁၆ မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲမှာ စိုးလင်းဦးနဲ့ ထိုင်းလက်ဝှေ့သမားတို့ရဲ့ ပွဲစဉ် ပါဝင်တယ်လို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်နဲ့ ၂၆ ရက် နေ့တွေမှာ  အဆိုပါပွဲစဉ်တွေကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံမှာ ကျင်းပမှာ ဖြစ်ပြီး စိုးလင်းဦးနဲ့  ထိုင်းလက်ဝှေ့သမား တာဝမ်ချောတို့ဟာ ဒုတိယနေ့မှာ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ တာဝမ်ချောတို့ရဲ့ပွဲစဉ်ဟာ အထူးတွဲဆိုင်း ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အထူးပွဲစဉ်တွေထည့်ဖို့ စီစဉ်နေတယ်လို့ ပွဲစီစဉ်သူတစ်ဦးက ပြောကြားထားကြောင်း သိရပါတယ်။

play

 

(၈)ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲကို ဝိတ်တန်း ခုနှစ်တန်းနဲ့ ကျင်းပမှာ ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ကလပ် ၂၀ မှ လက်ဝှေ့သမား ၅၆ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: News Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ