Local: ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်း မြန်မာ ပြိုင်မယ်

, updated

ပြိုင်ပွဲအမျိုးအစားအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။

play

 

 ထိုင်း ဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ  မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

 ၃၁ ကြိမ်မြောက် ထိုင်း ဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အောက်တိုဘာ ၁၇ ရက်ကနေ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာ ဖြစ်ပြီး  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဟာ ပြိုင်ပွဲအမျိုးအစားအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲနဲ့ ကွင်းသွင်း ခြင်းခတ်ပြိုင်ပွဲတွေပါ ထည့်သွင်း ကျင်းပလေ့ရှိပြီး အာဆီယံ၊ အာရှနဲ့ ကမ္ဘာ့ထိပ်သီး ပိုက်ကျော်ခြင်း လက်ရွေးစင်အသင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily,  ISTAF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ