Local: လက်ရွေးစင်ဘောလုံးအသင်း လေ့ကျင့်ဖို့ ကလပ်အသင်းတွေနဲ့ ညှိုနှိုင်းနေ

လက်ရွေးစင်အသင်းရဲ့ ပြင်ဆင်မှုက ကလပ်အသင်းတွေအတွက် အထိုက်အလျောက်တော့ ထိခိုက်နိုင်တယ်။

 

မြန်မာ့ လက်ရွေးစင်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမရှိတဲ့ ကြားရက်တွေမှာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

 7Day Daily ရဲ့ ဖော်ပြချက်အရ တစ်ပတ်တစ်ရက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ကစားသမားတွေစေလွှတ်ပေးဖို့ ကလပ်အသင်းတွေနဲ့ ညှိ နှိုင်းနေကြောင်း  မြန်မာ့လက်ရွေးစင်အသင်း အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ပြောကြားထားပါတယ်။

ဒါပေမဲ့ ကလပ်အသင်းတွေက လက်ရွေးစင်ကစားသမားတွေကို  စေလွှတ်ပေးဖို့ ဇွန်လ ၁၇ ရက် နေ့လယ်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အကြောင်းကြားခြင်း မရှိသေးဘူးလို့  မြန်မာကလပ်အချို့မှ တာဝန်ရှိသူတွေက ပြောကြားထားကြောင်းလည်း သိရပါတယ်။

လက်ရွေးစင်အသင်းရဲ့ ပြင်ဆင်မှုက ကလပ်အသင်းတွေအတွက် အထိုက်အလျောက်တော့ ထိခိုက်နိုင်ပြီး နယ်ဘက်မှာ ကျင်းပတဲ့ ပြိုင်ပွဲတွေကို စေလွှတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ အစကတည်းက ပြောထားတယ်လို့ ဟံသာဝတီအသင်း အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily , MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ