Local: မြန်မာ့လက်ရွေးစင် အသင်းအတွက် စန်းစန်းမော်ကို ပြန်ရွေးချယ်

ယူ-၁၉ နဲ့ ယူ-၁၆ အမျိုးသမီးလက်ရွေးစင်အသင်းတွေက ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

play

 

အနားယူသွားပြီဖြစ်တဲ့ အသင်းခေါင်းဆောင် စန်းစန်းမော်ကို လက်ရွေးစင်အသင်းအတွက်  ပြန်လည် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။  စန်းစန်းမော်ဟာ ၂၀၁၅ စက်တင်ဘာနောက်ပိုင်း လက်ရွေးစင်အသင်းကနေ အနားယူခဲ့တာဖြစ်ပြီး စန်းစန်းမော်ကို ပြန်လည် ရွေးချယ်ဖို့ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရွေးစင် အမျိုးသမီးအသင်းဟာ နယ်သာလန်နည်းပြဟောင်း ရော်ဂျာကို ခန့်အပ်ထားပြီး သူ့လက်ထက်မှာ နိုင်ငံတကာ ခြေစွမ်းပွဲ ခြောက်ပွဲကစားထားပြီး နိုင်ပွဲမရရှိသေးဘဲ နှစ်ပွဲသရေ၊ လေးပွဲရှုံးရလဒ် ရရှိထားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်တန်းအားနည်းချက်ကြောင့် စန်းစန်းမော်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်တယ်လို့ 7Day Daily သတင်းတစ်ရပ်မှာ ဖော်ပြထားပြီး ယူ-၁၉ နဲ့ ယူ-၁၆ အမျိုးသမီးလက်ရွေးစင်အသင်းတွေက ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ