Local: ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ရှမ်းအသင်း

မြန်မာလိဂ်ပွဲစဉ်တွေ မရှိတဲ့ ကြားရက်တွေမှာ တစ်ပတ် နှစ်ပွဲနှုန်း ကျင်းပနေတာ ဖြစ်ပါတယ်။

play

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်တွေကို ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဆိုပွဲစဉ်တွေမှာ ရှမ်းယူနိုက်တက်နဲ့ မြဝတီအသင်းတို့ဟာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး ကွာတားအဆင့်ကို တက်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာလိဂ်-၁ ကလပ် ရှမ်းအသင်းဟာ မြန်မာလိဂ်-၂ ကလပ် နေပြည်တော်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်အသင်းဟာ ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ရှမ်းအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာလိဂ်-၂ ကလပ် မြဝတီအသင်းကလည်း မြန်မာ လိဂ်-၁ ကလပ် ဇေယျာရွှေမြေ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ ကွာတားအဆင့်သို့ တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်တွေကို ဇွန်လ ၁၅ ရက်မှ စတင်ကာ မြန်မာလိဂ်ပွဲစဉ်တွေ မရှိတဲ့ ကြားရက်တွေမှာ တစ်ပတ် နှစ်ပွဲနှုန်း ကျင်းပနေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ