Local: ၁၇ နှစ်အောက် ကမ္ဘာ့ဖလားအတွက် ကြိုတင်ရည်ရွယ် ဖွဲ့စည်းထားတဲ့ မြန်မာ ယူ-၁၄ အသင်း

ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

play

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်ဟာ  ၂၀၁၉ မှာ  ကျင်းပမယ့် အသက် (၁၇)နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ပြီး  အသက်(၁၄)နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်းကို ဖွဲ့စည်းထားပါတယ်။

အဆိုပါယူ - ၁၄ အသင်းဟာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး  မြန်မာ ယူ-၁၄ အသင်းဟာ လက်ရှိမှာ  ပဏာမကစား သမား ၃၃ ဦးနဲ့  လေ့ကျင့်နေတယ်လို့ သိရပါတယ်။

ယူ-၁၄ အသင်း ကို နည်းပြအဲရစ်ဝီလျံက ကိုင်တွယ်နေတာဖြစ်ပြီး ပဏာမကစားသမား ၅၉ ဦးနဲ့စတင်ဖွဲ့စည်းခဲ့ပြီး အံမဝင်တဲ့ကစားသမားတွေကို လျော့ချခဲ့တာ ဖြစ်ပါတယ်။  အများစုဟာ အကယ်ဒမီကျောင်းက ကစားသမားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos Source: Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ