Local: ယူ ၁၉ နဲ့ ခြေစမ်းဖို့ ပြည်ပအသင်းတွေကို ဖိတ်ထား

  လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကိုလည်း ကျင်းပဖို့ စဉ်းစားထားပြီး ကျင်းပဖြစ်ရင် အဆင့်မြင့်တဲ့ အသင်းတွေကို ဖိတ်ကြားသွားမယ်လို့လည်း သိရပါတယ်။

play

 

မြန်မာ ယူ - ၁၉ အသင်းဟာ မလေးရှား ယူ-၁၉ အသင်း၊ စင်ကာပူ ယူ- ၁၉ အသင်းတွေနဲ့ ခြေစမ်းကစားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 မလေးရှား၊ စင်ကာပူအသင်းတွေနဲ့ ခြေစမ်းကစားဖို့ ဖိတ်ကြားထားပြီး ကစားဖြစ်ရင် ဇူလိုင်အတွင်းမှာ ကစားဖြစ်ဖို့များကာ  အဆိုပါ အသင်းတွေဘက်က အကြောင်းမပြန်သေးဘူးလို့ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။  လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကိုလည်း ကျင်းပဖို့ စဉ်းစားထားပြီး ကျင်းပဖြစ်ရင် အဆင့်မြင့်တဲ့ အသင်းတွေကို ဖိတ်ကြားသွားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းကို နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး  ပြည်တွင်းမှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ