Local: မြန်မာလိဂ်ပွဲစဉ်ဇယားကို ဇေယျာရွှေမြေ နည်းပြချုပ်ဝေဖန်

ခရီးပန်းတာတွေကြောင့် အသင်းရလာဒ်တွေ ဆိုရွားနေတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်ဇယားကြောင့် ခရီးတွေဆက်တိုက်သွားနေရပြီး ခရီးပန်းတာတွေကြောင့် အသင်းရလာဒ်တွေ ဆိုရွားနေတယ်လို့ ဇေယျာရွှေမြေအသင်းနည်းပြချုပ် ဖေဘီယာနိုက ဝေဖန်လိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဖလားပွဲစဉ်မှာ မြ၀တီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုပြောခဲ့တာပါ။

ဇေယျာရွှေမြေအသင်းက မြန်မာလိဂ်ပွဲစဉ် ၁၄ မှာ ဆောက်သမ်းအသင်းနဲ့ မုံရွာကွင်း၊ ဗိုလ်ချုပ်ဒိုင်း ရှုံးထွက်အဆင့်မှာ မြ၀တီအသင်းနဲ့ အောင်ဆန်းကွင်းမှာ ကစားခဲ့ရပြီး ဇွန် ၂၅ ရက်မှာ လိဂ်ပွဲစဉ် ၁၅ အနေနဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ တောင်ကြီးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play

 

"ဆောက်သမ်းအသင်းနဲ့ ကစားပြီး နောက်တစ်ရက်မှာ ရန်ကုန်ကို ထွက်လာတယ်။ ကြားထဲမှာ တစ်ရက်ပဲ အချိန်ရပြီး မြ၀တီနဲ့ ကစားရတယ် ၊ နေရှင်နယ်လိဂ်ရဲ့ပွဲစဉ်ဇယား ရေးဆွဲထားမှုက ကျွန်တော်တို့ကို အခက်အခဲ ဖြစ်စေပါတယ်။ ကျွန်တော်တို့ တစ်ပတ်တစ်ကြိမ် ခရီးသွား နေရမယ့်အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်”လို့  ဖေဘီယာနိုက ပြောပါတယ်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ပွဲ ကစားပြီးချိန်မှာ ဇေယျာရွှေမြေအသင်းက ခြောက်ပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံး ရလဒ်နဲ့ ရမှတ် ၂၂ မှတ် ရရှိပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

Source : Mizzima

Photos : MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ