Local: လက်ရွေးစင်အသင်းမှာ ပြန်ပါဖို့ ကြိုးစားနေတဲ့ သီဟစည်သူ

နိုင်ငံကိုယ်စားပြု ကစားခွင့်ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

play

 

၂၀၁၆ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲအတွက် ဖွဲ့စည်းထားတဲ့ ပဏာမလက်ရွေးစင်ဘောလုံးအသင်းရဲ့ ၂၉ ဦးစာရင်းမှာ မပါပေမယ့် နိုင်ငံကိုယ်စားပြု ကစားခွင့်ရဖို့  ကြိုးစားနေတယ်လို့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူက ပြောလိုက်ပါတယ်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ရှမ်းယူနိုက်တက်အသင်း နောက်ခံလူ ဇော်လင်းနဲ့ ဂိုးသမား မျိုးမင်းလတ်တို့ကို ထပ်မံ ဖြည့်တင်းခဲ့ပေမယ့်  လက်စွမ်းပြနေတဲ့ လက်ရွေးစင်ဂိုးသမား သီဟစည်သူကို မရွေးချယ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။

play

 

‘‘ဒီနိုင်ငံသားတစ်ယောက် အနေနဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ကစားချင်တဲ့စိတ်က အမြဲတမ်းရှိတယ်။ ရွေးချယ်ခြင်း၊ မရွေးချယ်ခြင်းက နည်းပြနဲ့ အဖွဲ့ချုပ်နဲ့ပဲ ဆိုင်ပါတယ်။ အခုလက်ရွေးစင်မှာ အရွေးမခံရလို့ စိတ်အနှောင့်အယှက် မဖြစ်မိပါဘူး။ ဆက်ပြီး လေ့လာသင်ယူ နေတယ်။ လိုအပ်လာရင် နိုင်ငံကိုယ်စားပြု ကစားခွင့်ရဖို့အတွက် အမြဲတမ်းကြိုးစားနေပါတယ်’’လို့ ရှမ်းယူနိုက်တက်အသင်း ဂိုးသမား သီဟစည်သူက ပြောပါတယ်။

၂၀၁၆ မြန်မာလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၁၄) ပြီးတဲ့အချိန်အထိ ရှမ်းယူနိုက်တက်အသင်းက ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ပေးဂိုး ၁၀ ဂိုးပဲရှိထားလို့ ပေးဂိုးအနည်းဆုံး အသင်းအနေနဲ့ ရပ်တည်နေပြီး သီဟစည်သူက (၁၄)ပွဲ ပထမဦးစားပေးပါဝင်ထားပြီး အသင်းအတွက် ပေးဂိုးကိုးဂိုးပဲ ခွင့်ပြုထားရတာပါ။

Source : 7DayDaily

Photos : Thiha Sithu Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ