Local: လက်ရွေးစင်အသင်းမှာ ကစားရဖို့ ကြိုးစားနေကြောင်း သီဟစည်သူ ပြော

ရှမ်းယူနိုက်တက်ရဲ့ ပထမဦးစားပေးကစားသမားဖြစ်ပြီး ရှမ်းအသင်းဟာ မြန်မာလိဂ်-၁ အသင်းတွေထဲမှာ ပေးဂိုးအနည်းဆုံး အသင်းဖြစ်နေပါတယ်။

play

 

နိုင်ငံကိုယ်စားပြု ကစားခွင့် ရဖို့ ကြိုးစားနေတယ်လို့ လက်ရွေးစင်ဂိုးသမားဟောင်း သီဟစည်သူက ပြောကြားလိုက်ပါတယ်။

ဒီနိုင်ငံသားတစ်ယောက် အနေနဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ကစားချင်တဲ့စိတ်က အမြဲ တမ်းရှိကြောင်းနဲ့ ရွေးချယ်ခြင်း၊ မရွေးချယ်ခြင်းက နည်းပြနဲ့ အဖွဲ့ချုပ်နဲ့ပဲ ဆိုင်ပါတယ်လို့ သီဟစည်သူက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ အကောင်းဆုံးလုပ်မှာဖြစ်ပြီး  နိုင်ငံကိုယ်စားပြု ကစားခွင့်ရဖို့အတွက် အမြဲတမ်းကြိုးစားနေပါတယ် လို့လည်း ရှမ်း ယူနိုက်တက်အသင်းရဲ့ ဂိုးသမား သီဟစည်သူက ပြောကြားထားပါတယ်။

လက်ရှိမှာ သီဟစည်သူဟာ ရှမ်းယူနိုက်တက်ရဲ့ ပထမဦးစားပေး ကစားသမားဖြစ်ပြီး ရှမ်းအသင်းဟာ မြန်မာလိဂ်-၁ အသင်းတွေထဲမှာ ပေးဂိုးအနည်းဆုံး အသင်းဖြစ်နေပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ