Local: ဘရာဇီးအိုလံပစ်မှာ မြန်မာက မြားပစ်ပြိုင်မယ်

, updated

စန်းယုထွေးဟာ ပြည်တွင်းပြည်ပပြိုင်ပွဲတွေမှာ ရွှေလေးခု၊ ငွေခြောက်ခုနဲ့ ကြေးခြောက်ခု ရရှိထားပါတယ်။

play

 

၂၀၁၆ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ မြန်မာက မြားပစ်အားကစားနည်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင် မြားပစ်မယ် စန်းယုထွေးက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး  စန်းယုထွေးဟာ ပြည်တွင်းပြည်ပပြိုင်ပွဲတွေမှာ ရွှေလေးခု၊ ငွေခြောက်ခုနဲ့ ကြေးခြောက်ခု ရရှိထားပါတယ်။ ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတွေတုန်းကလည်း မြန်မာနိုင်ငံကိုယ်စားပြု မြားပစ်အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။  

ဘရာဇီးနွေရာသီ အိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားနည်းငါးမျိုး ယှဉ်ပြိုင်ဖို့ လျှောက်ထား အဆိုပြုထားပေမဲ့  မြားပစ်အားကစား တစ်မျိုးသာ ယှဉ်ပြိုင်ဖို့ အကြောင်းပြန်ထားသေးတာ ဖြစ်ပါတယ်။  ရေကူးနဲ့ ပြေးခုန်ပစ်အားက အလိုအလျောက် ဝင်ခွင့်ရထားပြီး သေနတ်ပစ်မှာ မြန်မာ အားကစားသမား ရဲထွန်းနောင်က လက်ရည်စစ်အောင်မြင်ထားပါတယ်။

 မြားပစ်၊ ကနူး၊ လက်ဝှေ့၊ တိုက်ကွမ်ဒိုနဲ့ ဂျူဒိုအားကစားနည်းတွေပြိုင်ဖို့ မြန်မာနိုင်ငံက ဘရာဇီးအိုလံပစ် ပြိုင်ပွဲကျင်းပရေး ကော်မတီထံ အဆိုပြုထားတာ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ