Local: အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်း ထုတ်ပြန်

ယူ-၁၆ အသင်းကို မန္တလေးဘောလုံး အကယ်ဒမီက ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။

play

 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပမယ့် ၂၀၁၆ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲဝင်ရောက်မယ့် မြန်မာ ယူ-၁၆ လက်ရွေးစင် အသင်းအတွက် အပြီးသတ်လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာ ယူ-၁၆ အသင်းကို မန္တလေးဘောလုံး အကယ်ဒမီက ကစားသမားတွေနဲ့ အခြေခံဖွဲ့စည်းထားပြီး ဒီနှစ်ဘောလုံးရာသီမှာ  မြန်မာနေရှင်နယ်လိဂ်-၂ လူငယ် (အသက် ၁၈ နှစ်အောက်) ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ကစားခဲ့တဲ့အသင်း ဖြစ်ပါတယ်။

“အသင်းရဲ့ လက်ရှိပြင်ဆင်မှုအနေအထားကို အားရကျေနပ်ပါတယ်။ ကလေးတွေက လိဂ်မှာကစားခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကစားရဲလာတယ်။ ပြိုင်ပွဲကတော့ အုပ်စုကျပ်တယ်လို့ ပြောလို့ရပေမယ့် သေချာတစ်ပွဲချင်း ပြင်ဆင်သွားမှာပါ" လို့ ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က ပြောပါတယ်။

လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ စတင်ကစားမယ့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Source & Photo : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ