Local: ရွှေခါးပတ်ချန်ပီယံပွဲ ပထမရက် အလဲထိုးပွဲတွေ များ

အထူးပွဲစဉ်အဖြစ် စိုးလင်းဦးနဲ့ ထိုင်းမွေ့လက်ဝှေ့သမား တာဝင်ချိုင်တို့ ပွဲစဉ်လည်း ပါဝင်ပါတယ်။

play

 

ကျင်းပနေတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပွဲ ပထမရက်ပွဲစဉ်တွေဟာ အလဲထိုးတွေနဲ့ အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၅ ရက် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံမှာ ကျင်းပတဲ့ အဆိုပါပွဲစဉ်တွေမှာ အမှတ်နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ပွဲစဉ်ဟာ နှစ်ပွဲသာ ရှိတယ်လို့ သိရပါတယ်။

play

 

၂၀၁၆ မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ်ချန်ပီယံလုပွဲကို ဝိတ်တန်းလေးတန်း၊  တွဲဆိုင်း ၁၀ ဆိုင်းနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်နောက်ဆုံးရက်ပွဲစဉ်တွေကို ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး အထူးပွဲစဉ်အဖြစ် ၂၀၁၀ ရွှေခါးပတ်ချန်ပီယံ စိုးလင်းဦးနဲ့ ထိုင်းမွေ့လက်ဝှေ့သမား တာဝင်ချိုင်တို့ ပွဲစဉ်ကိုလည်း ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်။

 Source: 7Day Daily
Photos Source: Aung Zay

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ