Local: မွေထိုင်းလက်ဝှေ့သမားကို အလဲထိုးနဲ့ အနိုင်ယူလိုက်တဲ့ စိုးမင်းဦး

ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ 

play

 

 မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံလုပွဲမှာ အထူးပွဲစဉ်အဖြစ် စိုးလင်းဦးနဲ့ မွေထိုင်းလက်ဝှေ့သမား တာဝင်ချိုင်တို့ရဲ့ ပွဲစဉ်ကို ထည့်သွင်းကျင်းပခဲ့ပြီး စိုးလင်းဦးက အလဲထိုးနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလက်ဝှေ့ပွဲမှာ စိုးလင်းဦးက အသာစီးနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး  ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။  စိုးလင်းဦးရဲ့ လက်သီးချက်ကြောင့် တာဝင်ချိုင်ဟာ အနားတောင်းခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ရာမှာ ထပ်မံဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

 မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ကွာတားအဆင့် ပွဲစဉ်တွေကို ဇွန်လ ၂၆ ရက်က ရန်ကုန် မြို့ သိမ်ဖြူလက်ဝှေ့ရုံမှာ  ၀ိတ်တန်းသုံးတန်း တွဲဆိုင်း ၁၀ ဆိုင်းနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos Source: John Paul, Zaw Min Oo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး