Local: အာဆီယံ ကာယဗလပြိုင်ပွဲမှာ မြန်မာရွှေရ

၇၀ ကီလိုတန်းမှာ ရဲထွန်းနောင်က ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

၁၃ ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ ရွှေတံဆိပ် တစ်ခုနဲ့ ကြေးတံဆိပ် သုံးခု ရရှိခဲ့တယ်လို့ သိရပါတယ်။ ရွှေတံဆိပ်ဆုကို အမျိုးသားကာယဗလမောင်ပြိုင်ပွဲ ၇၀ ကီလိုတန်းမှာ ရဲထွန်းနောင်က ရရှိခဲ့တာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံး ဦး ယှဉ်ပြိုင်ခဲ့ရာမှာ ကြေးတံဆိပ်ဆုကိုတော့  အမျိုးသားကာယဗလမောင်ပြိုင်ပွဲ ၆၅ ကီလိုတန်းမှာ လမင်းတရာ၊ အမျိုးသမီးကာယကြံ့ခိုင်မှု  ၁၆၅ စင်တီမီတာအထက်ပြိုင်ပွဲမှာ ထားဦးဝေနဲ့ အမျိုးသမီးကာယကြံ့ခိုင်မှု (Model Physi-que) ၁၆၅ စင်တီမီတာအောက်ပြိုင်ပွဲမှာ ပိုးအိဖြူတို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလအတွင်း ဘူတန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၆ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ