Local: လုပ်ပွဲကစားမှုကို ပြင်းထန်စွာ အရေးယူမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်ကြေညာ

, updated

ဘောလုံးလောက အတွင်းမှာ မသမာမှုတွေနဲ့ သံသယဖြစ်ဖွယ်တွေရှိရင် တိုင်ကြားနိုင်ပါတယ်။

play

 

လုပ်ပွဲကစားမှုကို ပြင်းထန်စွာ အရေးယူမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဇွန် ၂၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ လုပ်ပွဲကစားမှုဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ ပြင်းထန်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

ဧရာဝတီအသင်းတာဝန်ရှိသူတစ်ဦးရဲ့ စီစဉ်မှုနဲ့ ဧရာဝတီကစားသမားအချို့ဟာ လုပ်ပွဲကစားခဲ့တယ်လို့ တိုင်တန်းမှုရှိခဲ့ပြီးနောက်မှာ အခုကြေညာချက်က ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။  ဖွဲ့စည်းမယ့် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်နဲ့ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်သူတွေနဲ့  တာဝန်ရှိသူတွေ ပါဝင်မယ်လို့ သိရပါတယ်။

ဘောလုံးလောက အတွင်းမှာ မသမာမှုတွေနဲ့ သံသယဖြစ်ဖွယ်တွေရှိရင် တိုင်ကြားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

Source: 7Day Daily
Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ