Local: ကမ္ဘာ့အဆင့် ၄၄ မှာရပ်တည်နေတဲ့ မြန်မာအမျိုးသမီး အသင်း

, updated

အရှေ့တောင် အာရှမှာတော့ တတိယနေရာက ရပ်တည်နေတာဖြစ်ပါတယ်။

play

 

ဖီဖာက ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာက အဆင့် ၄၄ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

အဆိုပါသတ်မှတ်ချက်ကို ဇွန်လ တတိယပတ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းဟာ ရမှတ် ၁၅၂၇ မှတ်နဲ့ အဆင့် ၄၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ တတိယနေရာက ရပ်တည်နေတာဖြစ်ပြီး ထိုင်းအမျိုးသမီးအသင်းဟာ ကမ္ဘာ့အဆင့် ၃၀ နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

ဗီယက်နမ်အသင်းကတော့ အဆင့် ၃၄ နဲ့ ဒုတိယနေရာမှာ ရှိပြီး အင်ဒိုနီးရှားအသင်းက (၇၀)၊ ဖိလစ်ပိုင်အသင်းက (၇၂)၊ လာအိုအသင်းက (၈၃)၊ မလေးရှားအသင်းက(၈၅) နဲ့ စင်ကာပူအသင်းက (၁၀၂) အဖြစ် ရှိနေကြပါတယ်။

Photos & Source: 7Day Daily,MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ