Local: ချန်ပီယံဖလားရဖို့ အနိုင်ပွဲနှစ်ပွဲပဲလိုတော့တဲ့ ရတနာပုံဘောလုံးအသင်း

လက်ကျန် ပွဲစဉ်ခုနစ်ပွဲကနေ ရမှတ်ခြောက်မှတ်ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရတနာပုံအသင်းက နောက်ထပ် နိုင်ပွဲနှစ်ပွဲရရုံနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မယ်လို့ သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၅) မှာ ရခိုင်ယူနိုက်တက်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရထားတဲ့ ရတနာပုံအသင်းက ဒုတိယနေရာက မကွေးအသင်းကို ၁၆ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် အမှတ်ပေးချန်ပီယံဖြစ်ဖို့ လက်ကျန် ပွဲစဉ်ခုနစ်ပွဲကနေ ရမှတ်ခြောက်မှတ်ပဲ လိုအပ်တော့မှာဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရတနာပုံအသင်းက ရှုံးပွဲမရှိ စံချိန်နဲ့ ၁၅ ပွဲကစား ၁၃ ပွဲနိုင် နှစ်ပွဲ သရေ ရမှတ် ၄၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး နောက်လာမယ့် နေရှင်နယ်လိဂ်ပွဲစဉ် နှစ်ပွဲအဖြစ် ဆောက်သမ်းမြန်မာ (အိမ်)၊ ဇေယျာရွှေမြေ (အဝေး) တို့နဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ရတနာပုံအသင်းအနေနဲ့ ဒီပွဲစဉ်နှစ်ပွဲစလုံးမှာ အနိုင်ရရှိခဲ့ရင် မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အစောဆုံး ချန်ပီယံဖြစ်လာတဲ့ အသင်းအဖြစ် စံချိန်သစ်တင်နိုင်မှာဖြစ်သလို ရမှတ်အများဆုံးရရှိတဲ့ ချန်ပီယံအဖြစ်လည်း မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

Soruce & Photos : Themnl

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ