Local: ရွှေခါးပါတ် ချန်ပီယံလုပွဲမှာ အထူးပွဲစဉ်အဖြစ် ဖျံသွေးနဲ့ မွေထိုင်းလက်ဝှေ့သမား ဆူတာဝမ်တို့ ထိုးမယ်

ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၀ ရက်မှာ ကျင်းပမှာဖြစ်ပြီး တွဲဆိုင်း ခုနှစ်ဆိုင်း ရှိတယ်လို့ သိရပါတယ်။

play

 

ရွှေခါးပတ်ချန်ပီယံလုပွဲ ဗိုလ်လုပွဲစဉ်မှာ အထူးပွဲအဖြစ် ဖျံသွေးနဲ့ မွေထိုင်းလက်ဝှေ့သမား ဆူတာဝမ်တို့ ထိုးသတ်မယ်လို့ သိရပါတယ်။ အကြိုဗိုလ်လုပွဲအဆင့်မှာ ထည့်သွင်းကျင်းပဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ ဗိုလ်လုပွဲအဆင့်မှာ ထိုးသတ်ဖို့ ပြောင်းလဲစီစဉ်လိုက်တာ ဖြစ်ပါတယ်။

အကြိုဗိုလ်ပွဲနေ့မှာ ပွဲဆိုင်း ၁၄ ဆိုင်း ထိုးမှာဖြစ်တာကြောင့် လာကြည့်သူတွေ အီသွားမှာ စိုးလို့ ပွဲကို ပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။  ရွှေခါးပါတ်ချန်ပီယံ အကြိုဗိုလ်လုပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံမှာ ဇူလိုင် ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ၀ိတ်တန်း ခုနစ်တန်း၌ တွဲဆိုင်း ၁၄ ဆိုင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၀ ရက်မှာ ကျင်းပမှာဖြစ်ပြီး တွဲဆိုင်း ခုနှစ်ဆိုင်း ရှိတယ်လို့ သိရပါတယ်။

 Source: 7Day Daily
Photos Source: ဖျံသွေး(Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ