Local: ဂိုးသွင်းအများဆုံးဆု ဒုတိယနေရာမှာ ရှိနေတဲ့ ဝင်းနိုင်စိုး

အသက် ၂၂ နှစ်အရွယ် ဝင်းနိုင်စိုးဟာ ရတနာပုံလူငယ်အသင်းက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

ရတနာပုံတိုက်စစ်မှူး ၀င်းနိုင်စိုးဟာ မြန်မာလိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းဒုတိယအများဆုံးနေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ ပထမအများဆုံးဟာ ရတနာပုံအသင်းတိုက်စစ်မှုး လိုက်ဘေးရီးယားနိုင်ငံသား ကိသ်မာတူနာဖြစ်ပြီး သွင်းဂိုး ၁၁ ဂိုးနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ယခင်မြန်မာလိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးနေရာကို နိုင်ငံခြားသားတွေကသာ ယူထားလေ့ရှိပြီး ယခုပြိုင်ပွဲမှာတော့ ဝင်းနိုင်စိုးက သွင်းဂိုး ၁၁ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဒီနှစ်မှာ ရတနာပုံအသင်း ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလားရဖို့ဖြစ်ပြီး အသင်းဖော်တွေ ဂိုးသွင်းဖို့ကိုလည်း ပံ့ပိုးမှာဖြစ်တယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဝင်းနိုင်စိုးဟာ ရတနာပုံလူငယ်အသင်းက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ