Local: ထွန်းထွန်းမင်းနဲ့ မွေထိုင်းချန်ပီယံ ချူထိုင်းတို့ ယှဉ်ပြိုင်မယ့် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ

လာမယ့် သြဂုတ် ၂၁ ရက်မှာ ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ ယှဉ်ပြိုင်ထိုးသတ်မှာပါ။

play

 

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲရဲ့ ကီလို ၈၀ တန်းမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနဲ့ မွေထိုင်းချန်ပီယံ ချူထိုင်း(ထိုင်း)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ ၈၀ ကီလိုတန်းမှာ ယှဉ်ပြိုင်မယ့် ထွန်းထွန်းမင်းက ဒဂုံရွှေအောင်လံဆု၊ ၂၀၁၃ ဆီးဂိမ်း ရွှေတံဆိပ်ဆုတွေ ရရှိထားပြီး မြန်မာပြည် အလွတ်တန်းချန်ပီယံလည်းဖြစ်ကာ ပွဲပေါင်း ၅၃ ပွဲ ထိုးသတ်ယှဉ်ပြိုင်ထားရာမှာ ၄၂ ပွဲနိုင်၊ ၁၀ ပွဲ သရေနဲ့ တစ်ပွဲရှုံးနိမ့်ထားပါတယ်။

ထွန်းထွန်းမင်းနဲ့ ယှဉ်ပြိုင်မယ့် ထိုင်းလက်ဝှေ့သမား ချူထိုင်းကတော့ မွေထိုင်းချန်ပီယံ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ မွေထိုင်းရွှေခါးပတ်ချန်ပီယံ ဆုတွေ ရရှိထားပြီး  ပွဲ ၇၀ မှာ ပွဲ ၅၀ အနိုင်ရရှိထားပြီး လေးပွဲသရေနဲ့ ၁၆ ပွဲ ရှုံးနိမ့်ထားတယ်လို့ သိရပါတယ်။

လာမယ့် သြဂုတ် ၂၁ ရက်မှာ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ ကျင်းပမယ် ပြိုင်ပွဲအတွက် ဆင်ထားတဲ့ တွဲဆိုင်းကိုးဆိုင်းမှာ ထွန်းထွန်းမင်းပါဝင်တဲ့ တွဲဆိုင်းလေးဆိုင်းပဲ ထွက်ပေါ်သေးပြီး အခြားတွဲဆိုင်းတွေကို ညှိနှိုင်းနေတယ်လို့ ပြိုင်ပွဲစီစဉ်သူ မြန်မာမီဒီယာ ဂရု(ပ်)မှ ဦးဝဏ္ဏက ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ