Local: တရုတ်မှာ ပြိုင်တဲ့ပွဲ အောင်လအန်ဆန် အနိုင်ရ

သူ့ရဲ့ နာမည်ကျော်ချုပ်ကွက်ကို အသုံးပြုပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

play

 

တရုတ်မှာ ပြုလုပ်ခဲ့တဲ့ MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ MMA ပြိုင်ပွဲကို ဇူလိုင် ၂ ရက်နေ့က တရုတ်နိုင်ငံ ဟီဖယ်အိုလံပစ်အားကစားရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး အောင်လအန်ဆန်ဟာ ရုရှားနိုင်ငံသား ဘူဒိုရင် နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အောင်လဟာ ဒုတိယအချီမှာ သူ့ရဲ့ နာမည်ကျော်ချုပ်ကွက်ကို အသုံးပြုပြီး အနိုင်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

play

 

အခုပြိုင်ပွဲ အနိုင်ရရှိမှုကြောင့် နိုဝင်ဘာမှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အောင်လဟာ MMA ပြိုင်ပွဲ ၂၇ ပွဲယှဉ်ပြိုင်ထားပြီး ၁၈ ပွဲနိုင်ကာ ၉ ပွဲရှုံးထားတာ ဖြစ်ပါတယ်။

play

 

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ