Local: လုပ်ပွဲကိစ္စကစားသမားတွေကို သံသယမရှိဘူးလို့ ဧရာဝတီအသင်းနည်းပြချုပ်ပြော

အမြန်ဆုံးဖော်ထုတ်အရေးယူသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

 

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တချို့မှာ လုပ်ပွဲကစားခဲ့တယ်ဆိုပြီး သတင်းထွက်လာတာတွေအပေါ် မိမိရဲ့ကစားသမားတွေအပေါ် သံသယမရှိဘူးလို့  ဧရာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်လွင်က ပြောခဲ့ပါတယ်။

ဧရာဝတီယူနိုက်တက်အသင်း ဖွဲ့စည်းပုံမှာပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးနဲ့ ကစားသမားတချို့က လုပ်ပွဲကစားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းပြီး စစ်ဆေးအရေးယူသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဦးကျော်လွင်က အခုလိုပြောခဲ့တာပါ။

“ကျွန်တော်တို့ကစားသမားတွေအပေါ်မှာ သံသယမရှိပါဘူး။ လောလောဆယ်မှာတော့ ပွဲကြပ်ကာလဖြစ်လို့ ကစားရမယ့်ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်”လို့  ဦးကျော်လွင်က ပြောခဲ့ပါတယ်။

ဧရာဝတီယူနိုက်တက်အသင်းကလည်း လုပ်ပွဲကိစ္စနဲ့ ပတ်သက်ပြီး အမြန်ဆုံးဖော်ထုတ်အရေးယူသွားဖို့ စီစဉ်နေတယ်လို့ သိရပြီး သတင်းရတဲ့ အချိန်မှာလည်း ကစားသမားများအားလုံးကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

Source : Yadanarbon News

Photos : Themnl

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ