Local: မြန်မာနိုင်ငံမှာ ဘောလုံးအကယ်ဒမီဖွင့်ဖို့ စိတ်ဝင်စားနေတဲ့ စီးရီးအေ ထိပ်သီး အင်တာမီလန်

Inter Milan Football Club Academy နာမည်နဲ့ ဘောလုံးအကယ်ဒမီ တည်ထောင်ဖို့ စိတ်ဝင်စားနေတာပါ။

play
မန္တလေး ဘောလုံးအကယ်ဒမီကို တွေ့ရစဉ်။

 

အီတလီစီးရီးအေ ထိပ်သီး အသင်းကြီးတစ်သင်းဖြစ်တဲ့ အင်တာမီလန်ဘောလုံးအသင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ဘောလုံးအကယ်ဒမီတစ်ခုတည်ထောင်ဖို့ စိတ်ဝင်စားနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ မိတ်ဖက်အနေနဲ့ ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အင်တာမီလန်အသင်းက ကိုယ်စားလှယ်အချို့ဇူလိုင် ၃ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိချိန်မှာ အခုလိုပြောလိုက်တာပါ။

play

 

အင်တာမီလန်အသင်းက ပြည်တွင်းမှာ Inter Milan Football Club Academy နာမည်နဲ့ ဘောလုံးအကယ်ဒမီ တည်ထောင်ချင်နေတာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကိုတော့  ဇူလိုင်လ ၄ ရက်နေ့မှာ နှစ်ဘက်တွေ့ဆုံဆွးနွေးပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်ဘောလုံးသမားတွေ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို အဓိကရည်ရွယ်ပြီး နည်းပညာပိုင်းပူပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Source : DVB

Photos : hdwpics,MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ