Local: ကြယ်လင်းအောင်နဲ့ ရဲရင့်အောင်တို့ ထိပ်တိုက်တွေ့မယ့် ၂၀၁၆ ရွှေခါးပတ်ချန်ပီယံလုပွဲ

၆၇ ကီလိုတန်း ဗိုလ်လုပွဲမှာ သွေးသစ်ဝင်းလှိုင်နဲ့ ရဲတံခွန်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

play

 

၂၀၁၆ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ ၇၀ ကီလိုတန်းမှာ ကြယ်လင်းအောင်နဲ့ ရဲရင့်အောင်တို့ ထိပ်တိုက်တွေ့ဆုံမယ်လို့ သိရပါတယ်။ ဇူလိုင် ၃ ရက်နေ့က ဆီမီးဖိုင်နယ်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး ကြယ်လင်းအောင် (တောင်ကလေး)က ရန်နိုင်အောင်(ရွှေမိုးထိ ငြိမ်းချမ်းရေး)ကို အမှတ်နဲ့ အနိုင်ယူခဲ့ကာ ရဲရင့်အောင်(နဂါးမာန်)ကလည်း စိုးထက်ဦး(အဖြူရောင်သွေးသစ်)ကို  အလဲထိုးနဲ့ အနိုင်ယူခဲ့ကြတာဖြစ်ပါတယ်။

play

 

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဝိတ်တန်းအလိုက် စုစုပေါင်း ၁၄ ပွဲယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၆၇ ကီလိုတန်း ဗိုလ်လုပွဲမှာ သွေးသစ်ဝင်းလှိုင်နဲ့ ရဲတံခွန်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပြီး  ၆၃ ဒသမ ၅ ကီလိုတန်းမှာတော့ ကြယ်စင်ဖြိုးနဲ့ သားအသည်းတစ်ပွင့်တို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။ ရွှေထွန်းယုံနဲ့ စောထူးဇော်တို့ဟာ ၆၀ ကီလိုတန်းအတွက် ဗိုလ်လုကြမှာဖြစ်ပြီး ၅၇ ကီလိုတန်းမှာတော့ မိုက်ရိုင်းနဲ့ နက္ခအောင်တို့ တွေ့ဆုံမှာဖြစ်ပါတယ်။

Photos & Source: MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ