Local: ဂိုးသွင်းအများဆုံး သုံးဦးမှာ မြန်မာနှစ်ယောက်ပါဝင်

ဂိုးသွင်းအများဆုံးနေရာတွေကို ပြည်ပကစားသမားတွေကသာ ရရှိလေ့ရှိတာ ဖြစ်ပါတယ်။

play

 

၂၀၁၆ မြန်မာလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ မြန်မာကစားသမားနှစ်ဦး ပါဝင်နေတယ်လို့ သိရပါတယ်။

 ယခင်နှစ်ပြိုင်ပွဲတွေတုန်းက ဂိုးသွင်းအများဆုံးနေရာကို ပြည်ပကစားသမားတွေကသာ ရရှိထားတာဖြစ်ပြီး ယခုနှစ်မှာတော့ ထိပ်ဆုံးသုံးယောက်စာရင်းမှာ နှစ်ယောက်ထိပါဝင်လာတာဖြစ်ပါတယ်။ ရတနာပုံတိုက်စစ်မှူး ၀င်းနိုင်စိုးက ဒုတိယနေရာနဲ့ ရန်ကုန်တိုက်စစ်မှူး ကျော်ကိုကိုက တတိယနေရာရရှိထားတာဖြစ်ပြီး ရတနာပုံအသင်းမှ လိုက်ဘေးရီးယား တိုက်စစ်မှူး ကိသ်မာတူနာက သွင်းဂိုး ၁၂ ဂိုးနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

ဝင်းနိုင်စိုးက သွင်းဂိုး ၁၁ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေတာဖြစ်ပြီး ရှစ်ဂိုးသွင်းယူကာ တတိယနေရာ ရှိနေသူတွေမှာ ကျော်ကိုကိုအပြင် ဧရာဝတီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး ခရစ္စတိုဖာ၊ ရခိုင်အသင်းမှ ဘရာဇီးတိုက်စစ်မှူး အန်ဒရေနဲ့ မကွေးအသင်းမှ ဂီနီတိုက်စစ်မှူး ဆိုင်လာတို့ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ