Local: ဗိုလ်လုပွဲမှာ ထိုင်းကို ရှုံးနိမ့်သွားတဲ့ မြန်မာလူငယ်ဘောလီဘောအသင်း

တတိယနေရာကို အင်ဒိုနီးရှားအသင်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

အရှေ့တောင်အာရှ လူငယ်ဘော်လီဘောချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ  မြန်မာအသင်းဟာ ထိုင်းအသင်းကို ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းလူငယ်ဘော်လီဘောအသင်းဟာ မြန်မာလူငယ်ဘော်လီဘော (က) အသင်းကို (၂၈-၂၆)၊ (၂၅-၂၂)၊ (၂၅-၁၈) မှတ် သုံးပွဲ ပြတ် အနိုင်ယူကာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

 အဆိုပါ အရှေ့တောင်အာရှ လူငယ်ဘော်လီဘောချန်ပီယံရှစ်ပြိုင်ပွဲကို  နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာလူငယ်အသင်းဟာ (က)နဲ့ (ခ) နှစ်ဖွဲ့ခွဲကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာလုပွဲမှာတော့  မြန်မာလူငယ် (ခ)အသင်းနဲ့ အင်ဒိုနီးရှားလူငယ်အသင်းတို့ ယှဉ်ပြိုင်ရာမှာ  အင်ဒိုနီးရှားအသင်းက (၂၆-၂၄)၊ (၂၄-၂၆)၊ (၂၅-၂၀)၊ (၂၇-၂၅) မှတ် နဲ့ အနိုင်ရရှိကာ တတိယနေရာ ရရှိသွားခဲ့ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ