Local: နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့ ကမ္ဘောဒီးယား ယူ-၁၆ ကို မြန်မာလူငယ်အသင်း အနိုင်ရ

မြန်မာယူ-၁၆ အသင်းက ၂ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေတဲ့ မြန်မာ ယူ-၁၆ ဘောလုံးအသင်းက ဇူလိုင်လ ၆ ရက်နေ့က ကစားခဲ့တဲ့ ကမ္ဘောဒီးယား ယူ-၁၆ အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ မြန်မာ ယူ-၁၆ အသင်းက ၂ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က National Olympic Stadium မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြန်မာယူ-၁၆ အသင်းက လူစားဝင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့နောက်ဆုံးမိနစ် သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားအသင်းက ထောင့်ကန်ဘောတွေကတစ်ဆင့် မြန်မာကစားသမားတွေရဲ့ဖျက်ထုတ်ပုံ အားနည်းတာတွေကို အခွင့်ကောင်းယူပြီး ပွဲချိန် ၄၇ မိနစ်တွင် နဲ့ ပွဲချိန် ၄၉ မိနစ်တွင် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့တာပါ။

ကမ္ဘောဒီးယားခံစစ်ကြောင်းက မြန်မာအသင်းရဲ့တိုက်စစ်ဆင်တာတွေကို ထိန်းချုပ်ဟန့်တား နိုင်ခဲ့ပေမဲ့ မြန်မာကစားသမားတွေက နောက်ဆုံး မိနစ်အထိ အားထည့် ကစားခဲ့တာကြောင့် နောက်ဆုံး မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့တာပါ။ ဒီဂိုးတွေကိုတော့ လူစားဝင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပွဲချိန် ၈၉ မိနစ်နဲ့ ၉၂ မိနစ်တွေမှာ သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ